37 C
Yangon

စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ဖေဖေါ်ဝါရီလ ၁ ပတ်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သား ၁၆ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၈

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ဖေဖေါ်ဝါရီလ ၄ ရက်နှင့် ၇ ရက်နေ့များတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်သား ၁၆ ဦး သေဆုံးကာ အများအပြားဒဏ်ရာရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF က သတင်းထုတ်ပြန်သည်။လွိုင်ကော်မြို့နယ်၊ ကယန်းသာယာကျေးရွာအနီးတွင် ဖေဖေါ်ဝါရီလ ၄ ရက်၊ နံနက် ၅ နာရီခွဲတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် KA နှင့် KNDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း KNDF က ဆိုသည်။ဖေဖေါ်ဝါရီလ ၄ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် လွိုင်ကော်မြို့နယ်၊ ထီရီကျေးရွာတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီခွဲခန့်ကြာမြင့်ကာ စစ်ကောင်စီဘက်မှ ၇ ဦးသေဆုံး၊ အများအပြား ဒဏ်ရာရကြောင်း သိရှိရသည်။အလားတူ ယမန်နေ့ ဖေဖေါ်ဝါရီလ ၇ ရက်တွင်၊ လွိုင်ကော်မြို့နယ်၊ လင်ဖုံလင်းလမ်းခွဲတွင် စစ်ကောင်စီတပ်ဖွဲ့ကို KA၊ KNDF နှင့် ဖယ်ခုံ PDF တို့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၉ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း၊ အဆိုပါ တိုက်ပွဲ ၃ ခုတွင် ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်အချို့ မစိုးရိမ် ဒဏ်ရာများ ရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။
ဓါတ်ပုံ – ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article