36 C
Yangon

ဆောနှင့်ကျောက်ထုတွင် မိုင်းအလုံး ၃၀၀ ကျော် တပ်ဆင်ထား၍ ပြည်သူများ ခရီး မသွားကြရန် သတိပေး၊ ဆွာချောင်းရေလှောင်တမံ လျှပ်စစ်ထရန်စဖော်မာကို ဖောက်ခွဲရှင်းလင်း

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မကွေးတိုင်း၊ ဆောနှင့်ကျောက်ထုတွင် မိုင်းအလုံး ၃၀၀ ကျော် တပ်ဆင်ထား၍ ပြည်သူများ ခရီးမသွားကြရန် PDF က သတိပေးချက် ထုတ်ပြန်သည်။စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာ၍ YDF(Saw&Kyaukhtu) အနေဖြင့် နင်းမိုင်း ၊ တိုက်မိုင်း ၊ ပဒေသာမိုင်း ၊ စလစ်အိုးမိုင်းအကြီး စုစုပေါင်း အလုံးရေ (၃၀၀) ကျော် တပ်ဆင်ထားပြီးဖြစ်၍ ပြည်သူများအနေဖြင့်လည်း လုံခြုံရေးအခြေအနေအရ ယခုရက်ပိုင်းအတွင်း ခရီးသွားလာခြင်းကို ရှောင်ကြဥ်ပေးကြရန် မေတ္တာရပ်ခံကြောင်း၊ အထူးသဖြင့် ညဘက်တွင် တပ်ဆင်ထားသော မိုင်းများကို အသက်သွင်းထားလျက်ရှိသောကြောင့် ညဘက်ခရီးသွားလာခြင်းကိုရှောင်ရှားရန် လိုအပ်ကြောင်း သတိပေးထားသည်။ အလားတူ ပဲခူးတိုင်းအတွင်းတွင် စစ်အုပ်စုအတွက် ဝင်ငွေ အဖြစ် ပြည်သူများထံမှ လျှပ်စစ်မီတာခများ အတင်းအကျပ်ကောက်ခံခြင်း၊ မီတာခမဆောင်သဖြင့် လျှပ်စစ်မီးကြိုးများကို ဖြုတ်ချခြင်း၊ မီတာဖြုတ်သိမ်းခြင်းများပြုလုပ်နေသည့် ရေတာရှည်မြိုနယ်လျှပ်စစ်ရုံးကို သတိပေးသည့်အနေဖြင့် အသံဗုံးဖြင့် အကြိမ်ကြိမ် ဖောက်ခွဲခဲ့ပြီးနောက် ဆွာချောင်းရေလှောင်တမံ လျှပ်စစ်ထရန်စဖော်မာကိုလည်း ဖောက်ခွဲ ရှင်းလိုက်ကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ရေတာရှည်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(အနောက်ခြမ်း) စနိုက်ပါ အဖွဲ့က ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၉ နာရီအချိန်တွင် သိုင်းဝကျေးရွာအုပ်စု၊ ဆွာချောင်းရေလှောင်တမံရှိ လျှပ်စစ်ထရန်စဖော်မာကို ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article