30 C
Yangon

ထားဝယ်မြို့ပေါ်ဟိုတယ်တစ်ခုမှာ အဖမ်းခံခဲ့ရတဲ့ ကိုဝင်းသီဟကို စစ်ကြောရေးမှာဓားနဲ့ထိုးပြီးနှိပ်စက်ခံနေရ

Must read

တနင်္သာရီတိုင်းမ်၊ ဖေဖော်ဝါရီ ၁၀

ထားဝယ်မြို့ပေါ်က ဟိုတယ်တစ်ခုမှာ အဖမ်းခံခဲ့ရတဲ့ ကိုဝင်းသီဟဆိုတဲ့အမျိုး သားကိုစစ်ကြောရေးမှာ ဓားနဲ့ထိုးပြီး နှိပ်စက်ခဲ့တယ်လို့ မိတ်ဆွေဖြစ်သူနဲ့နီးစပ်သူတွေထံကသိရပါတယ်။

ကိုဝင်းသီဟကို ဖေဖော်ဝါရီလ ၇ ရက်ညက ထားဝယ်မြို့၊ ရှမ်းမလည်ဆွဲရပ်ကွက်က New Light ဟိုတယ်မှာ စစ်ကောင်စီလက်အောက်ခံစရဖအဖွဲ့တွေက လာရောက်ဖမ်းဆီးခဲ့တယ်လို့ နီးစပ်သူတွေကဆိုပါတယ်။

ကိုဝင်းသီဟကို စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်တာတွေအပြင် ဓားနဲ့ထိုးပြီးနှိပ်စက်ခဲ့တယ်လို့ ကိုဝင်းသီဟရဲ့အသိမိတ်ဆွေနဲ့ နီးစပ်သူတွေကပြောပါတယ်။
“ဓားနဲ့ ထိုးပြီးနှိပ်စက်ခံရလို့ စစ်တပ်ဆေးရုံကိုပို့ထားတယ်လို့ သိရတယ်။ ဒဏ်ရာများလို့စိုးရိမ်ရတယ်လို့ပြောတယ် ” လို့ ကိုဝင်းသီဟနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ကိုဝင်းသီဟနဲ့အတူ ဖမ်းဆီးခဲ့ခဲ့ရတဲ့ ကိုကျော်မင်းနိုင်ဆိုသူကိုတော့ သတင်းအစအနမသိရသေးဘူးလို့ သူတို့နဲ့နီးစပ်သူတွေကဆိုပါတယ်။

The Tanintharyi Times

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article