32 C
Yangon

ထားဝယ်မြို့လယ်မှာ အမျိုးသားတစ်ဦးသေနတ်နဲ့ပစ်သတ်ခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်က ရိုးမဘဏ် အနီး ဒီနေ့ နေ့လည် ၁၂နာရီဝန်းကျင်က အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ အနီးအနားရှိနေသူတွေထံက သိရပါတယ်။

အဖြူရောင် Surf ကားပေါ်ကဆင်းလာတဲ့အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်ခံရတာဖြစ်ပြီး သွေးအိုင်ထဲမှာလဲကျနေတာကိုတွေ့ရတယ်လို့ အနီးအနားရှိသူတချို့ကဆိုပါတယ်။

ခဏအကြာ ရဲတွေရောက်ရှိလာပြီး သေနတ်နဲ့ပစ်ခံရသူကိုလူနာတင်ယာဥ်နဲ့သယ်ဆောင်သွားတယ်လို့သိရပါတယ်။

သေနတ်ပစ်ခံရသူအမျိုးသားဟာ လောင်းလုံးမြို့နယ်က ရေခဲစက်ပိုင်ရှင်တစ်ဦးဖြစ်တယ်လို့ကနဦးသိရပြီး သေနတ်ဒဏ်ရာနဲ့သေဆုံးသွားတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် အတည်မပြုနိုင်သေးပါဘူး။

ဒီနေ့ညနေပိုင်းမှာ ရဲတွေက အနီးအနားမှာရှိတဲ့နေအိမ်တွေကCCTV တွေကိုလိုက်လံစစ်ဆေးနေတယ်လို့သိရပါတယ်။

အဲဒီအမျိုးသားကို ဘယ်အဖွဲ့ကပစ်ခတ်ခဲ့တယ်ဆိုတာနဲ့ ဘာကြောင့်ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့မသိရသေးပါဘူး။

The Tanintharyi Times

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article