30 C
Yangon

ဒေါ်အောင်ဆန်းစုကြည်အပေါ် မနာလိုမှု ၊ အငုံ့စိတ်များဖြင့် အရာရာတိုင်း သူသိ၊သူတတ် မင်းအောင်လှိုင် စိတ်ပုံမှန်မဟုတ်တော့၊ မင်းအောင်လှိုင်ရဲ့ လျှို့ဝှက် အစည်းအဝေး မှတ် တမ်း နေပြည်တော်စစ်ဘက်က ပေးပို့လာ

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည် ဦး ဆောင် တဲ့ အရပ်သား အစိုးရကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖြုတ် ချပြီး အာဏာသိမ်းခဲ့ပါတယ်။ မဲလိမ်မှု ကြောင့် အာဏာသိမ်းတယ်လို့ ထုတ် ဖော် ပြောဆိုခဲ့ပေမယ့် လည်း တကယ်တမ်း လက်တွေ့မှာတော့ မင်းအောင် လှိုင်ဟာ အာဏာသိမ်းချင်လို့ သိမ်းတယ်ဆိုတာမျိုး၊ အာဏာ သိမ်း လိုက်လို့ လုပ်ရကိုင်ရ အဆင်ပြေပြီး နိုင်ငံဘဏ္ဍာကို စိတ် ကြိုက် သုံးနိုင် တယ် ဆို တာမျိုးတွေ ထုတ် ဖော်ပြောဆိုလာပါတယ်။ ရန်ကုန်ခေတ်သစ်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မင်းအောင်လှိုင် ပြောဆိုခဲ့တဲ့ စစ်ကောင်စီအလွတ်သဘော လျှို့ဝှက် အစည်းအဝေး ပြောဆိုမှုကို ရရှိထားပြီး ဒီပြောဆိုမှု တွေအတွင်းမှာ မင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် မနာလိုမှု ၊ အငုံ့စိတ်များ ရှိနေပုံနဲ့ အရာရာတိုင်းကို သူသိ သူတတ် နဲ့ လူပေါ် လူဇော် လုပ် ချင်နေတာကိုအထင်းသားမြင်တွေ့ရပါတယ်။ CDM ဆရာဝန်တွေအပေါ် အငြိုးထားပြီး ထပ်မံဖြိုခွဲမယ့် အစီအစဉ် တွေကို လည်း မင်းအောင်လှိုင်က ပြောဆိုထားပါတယ်။ စစ်ကောင်စီ အစည်းအဝေးတွေမှာ စိတ်ပုံမှန်မရှိတော့တဲ့ မင်းအောင်လှိုင်က သူပြော ချင်တာတွေကို ကရားရေလွှတ် တတွတ်တွတ် ပြောဆိုပြီး သူ့ကို ဘယ်သူကမှ ဝင်ရောက်ဟန့်တား ထိန်းချုပ်နိုင်တာလည်းမရှိတော့ပါဘူး။ သူရဲ့ ပြောဆိုမှုတွေကို ကြည့်ရင် မင်းအောင်လှိုင်ဟာ သူလုပ်ချင်ရာလုပ်ပြီး တိုင်းပြည်နဲ့ ပြည်သူတွေကို ဖြစ်ချင်ရာဖြစ် စတေးမယ်ဆိုတဲ့ လူစိတ် ပျောက် နေမှု အခြေအနေတွေကို လည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ သူရဲ့ ပြောဆိုမှုတွေက သူဟာ အာဏာကို မက်မောလွန်းနေပြီ ရွေးကောက်ပွဲ လုပ်ပြီး အာဏာစွန့်မယ်လို့ ပြောဆိုမှုတွေဟာ အလိမ်အညာတွေ အဖြစ် ပုံ ပေါ်နေတာလည်းဖြစ်ပါတယ်။ မင်းအောင်လှိုင်ရဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ လျှို့ဝှက်ပြောဆိုမှုတွေကို နေပြည် တော် စစ်ဘက်ဆိုင်ရာတွေက ရန်ကုန်ခေတ်သစ်ကို ပေးပို့ခဲ့ တာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ရဲ့ ပြောဆိုမှုတွေက လာမယ့် အနာဂတ်ကာလ မြန်မာ့ နိုင်ငံ ရေး နဲ့ ပြည်သူတွေကြုံတွေ့ရမယ့် အခြေအနေတွေကို ကြိုတင် မှန်းဆနိုင်တာမို့ အန္တရာယ်များစွာ ကြားကပဲ မင်းအောင်လှိုင်ရဲ့ လက်ရှိ စိတ်အခြေအနေနဲ့ ပြော ဆို မှုတွေကို ပြည်သူတွေဆီ ရန်ကုန် ခေတ် သစ်က တိုက်ရိုက် တင်ပြ ပေး လိုက် ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article