33 C
Yangon

ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေး ရှောင်တာနယ် လွတ်မြောက်ဟု ဝန်ကြီးချုပ် ဟွန်ဆင်ကြေညာမှု သတင်းအမှားဟု ကမ္ဘောဒီးအစိုးရပြန်ရှင်း

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ရှောင်တာနယ် လွတ်မြောက်လာပြီဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်က ကြေညာမှုသည် သတင်းအမှားကြောင့် ဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရက ယနေ့ည ကြေညာချက်ထုတ်ပြန်သည်။ ယနေ့ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသော အမှတ် ၇ လမ်းမ ဖွင့်ပွဲတွင် ဟွန်ဆင်က ထိုသို့ ပြောဆိုကြေညာခဲ့ခြင်းသည် သတင်းအမှားရရှိခြင်းကြောင့်ဖြစ် ကြောင်း၊ လက်ရှိတွင် အကြံပေး ရှောင်တာနယ် လွတ်မြောက် လာခြင်းမရှိကြောင်း ကမ္ဘောဒီးယားအစိုးရက ပြန်လည် ဖြေရှင်းသည်။ သို့ရာတွင် ဇန်နဝါရီလ ၇ ရက်နေ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရှောင်တာနယ်ကို လွှတ်ပေးရန် ဟွန်ဆင်က မင်းအောင်လှိုင်ကို ပြောဆိုခဲ့ပြီး မင်းအောင်လှိုင်က တရားရုံးက အမိန့်ချမှတ်ပြီးလျှင် စဉ်းစားပေးမည်ဟု ပြောဆိုခဲ့ကြောင်း ကမ္ဘော ဒီးယားအစိုးရ၏ ရှင်းလင်းချက်တွင် ရေးသားထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article