33 C
Yangon

ဒေါ်အောင်ဆန်းစုကြည် လက်ထက် လူရာမသွင်းခံရမှု၊ စိတ်နာခဲ့ရမှုများကို မင်းအောင်လှိုင် ထုတ်ပြော၊ အာဏာသိမ်းလိုက်၍ စိတ်တိုင်းကျ ငွေသုံးခွင့်ရ၊ သမိုင်းရေးထိုးခွင့်ရပြီး စက်ရုံများကို စစ်တပ်က လွှဲယူလိုက်ပြီဟုပြော

Must read

By ရန်ကုန်ခေတ်သစ်


ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD အစိုးရလက်ထက် လူရာ မသွင်း ခံရ မှု၊ စိတ်နာခဲ့ရမှုများကို စစ်ကောင်စီ အစည်းအဝေးမှာ မင်းအောင်လှိုင် ထုတ် ဖော် ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ စစ်ကောင်စီ၏ အလွတ်သဘော အစည်းအဝေးတွင် မင်းအောင်လှိုင်က NLD အစိုးရ လက်ထက် ၎င်းကို လျစ်လျူရှုခံရပုံများကို တခမ်းတနားပြောဆိုသွားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနက သိရှိရသမျှကို ခေါင်းစဉ်များ ခွဲ၍ ဖော်ပြလိုက်ပါသည်။

လွှတ်တော်မရှိ၍ စိတ်ကြိုက်ငွေသုံးနိုင်သဖြင့် စိန်ရတုပြည်ထောင်စုနေ့ ခမ်းခမ်း နားနား ကျင်းပနိုင်ဟုဆို
===========================================

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းအနေဖြင့် အာဏာသိမ်းခဲ့ ၍ စိန်ရတု ပြည်ထောင်စု နေ့ အခမ်းအနားကို ခမ်းနားကြီးကျယ်စွာဖြင့် ကျင်းပ နိုင်ခဲ့ကြောင်း၊ ဗိုလ်ရှုသဘင် အခမ်းအနားကို အောင်မြင်ခြင်းဖြစ်ကြောင်း၊ ခမ်း နား သော အောင်မြင်မှုအဖြစ် သမိုင်းမှတ်ကျောက်တင်နိုင်ခြင်းဖြစ်ပြီး အာဏာ သိမ်းလိုက်သဖြင့် မိမိတို့၏ သမိုင်းကို မိမိတို့ ရေးနိုင်ပြီဖြစ်ကြောင်း၊ သမိုင်း ရေးထိုး ခဲ့သည့်ကာလမှာလည်း တစ်နှစ်ကြာပြီဖြစ်ကြောင်း၊ အာဏာ မသိမ်း ခဲ့လျှင် စိန်ရတု ပြည်ထောင်စုအခမ်းအနား ဖြစ်ချင်မှ ဖြစ်လာမည်ဖြစ်ကြောင်း ပြောဆိုသည်။

“စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား ဖြစ်ချင်မှ ဖြစ်လာမယ်။ ဘာလို့လဲ ဆို တော့ ဘတ်ဂျက်အသစ် စတဲ့ကာ ဖြစ်တဲ့အတွက် ငွေကြေး သုံးစွဲမှု နဲ့ပတ် သက် ပြီး လွှတ်တော်အတွင်း အပြန်အလှန် ငြင်းခုန်ရနိုင်ခြင်းကြောင့် ဒီလိုပွဲမျိုး ဖြစ်လာ ဖို့ မျှော်မှန်းမရဘူး။ ဖြစ်လျှင်လည်း ဖြစ်လာနိုင်တယ်။ ဖြစ်နိုင်၊ မဖြစ် နိုင် မျှော်မှန်းရခက်ပါတယ်” ဟု မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။

အာဏာမသိမ်းခဲ့လျှင် MRTV စိန်ရတုအခမ်းအနား မစည်ကားနိုင်ဘဲ စိန်ရတုပြတိုက်ဆောက်ရန် ငွေမရနိုင်ဟုပြော
===========================================

မင်းအောင်လှိုင်က မြန်မာ့အသံနှင့်ကြီးပြင်း လူဖြစ်လာရသူဖြစ်၍ MRTV ၏စိန်ရတု အခမ်းအနားကို တက်ချင်ခဲ့ကြောင်း၊ NLD အစိုးရလက်ထက်က စိန်ရတု အခမ်းအနားကျင်းပမည့်အစီအစဉ်ကို သိရှိခဲ့ရသော်လည်း ဖိတ်ကြားမှု မရှိလျှင် TV မှ အားပေးမည်ဟု စဉ်းစားခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ပြန်ကြားရေးဝန်ကြီး ဖြစ်လာသည့် ဦးချစ်နိုင်က ဖိတ် ကြား၍ MRTV စိန်ရတု အခမ်းအနား တက်ခွင့်ရကြောင်း၊ ကိုယ်တိုင်တက်ရ၍ အမှတ်တရ ဖြစ်ရကြောင်း ပြောဆိုသည်။

ထို့ပြင် MRTV စိန်ရတု ပြတိုက် ဆောက်လုပ်ရန် ၎င်းအနေဖြင့် ချက်ချင်းစီစဉ် တစ်ထိုင်တည်း ဆုံးဖြတ်နိုင်ခဲ့ကြောင်း၊ အကယ်၍ အာဏာမသိမ်းခဲ့လျှင် တက် လာသည့် အစိုးရက ဖေဖော်ဝါရီလ ၁၅ ရက်နေ့ MRTV စိန်ရတု အခမ်း အနား ကို သိုက်သိုက်ဝန်းဝန်း ကျင်းပချင်မှ ကျင်းပလိမ့်မည်ဖြစ်ကြောင်း၊ ကျင်းပ လျှင် တောင်မှ လာရောက်သည့် နိုင်ငံရေးခေါင်းဆောင်မှာကြားမှုနှင့် အကြံ ပြု ချက် များမှာ မိမိနှင့်တူမည်မဟုတ်ကြောင်း ပြောဆိုသည်။

“စိန်ရတု ပြတိုက်အဆောက်အဦးအသစ်ဆောက်လုပ်ဖို့ တောင်းခဲ့တဲ့ ရန်ပုံ ငွေ မှာ ဘတ်ဂျက်အသစ်ဖြစ်တဲ့အတွက် လွှတ်တော်မှာ ငြင်းကြ၊ ခုန်ကြမှာမို့ ရချင် မှလည်းရမှာ။ စိန်ရတုပြတိုက် Foundation ပင် ချနိုင်မယ်မထင်ဘူး။ ကျနော် အနေနဲ့ကတော့ ချက်ချင်း Foundation ချ ချက်ချင်းဆောက်ခဲ့တဲ့အတွက် ၁ နှစ် အတွင်း ပြခန်းတွေ ဖွင့်နိုင်တဲ့ သမိုင်းမှတ်တမ်းကို ရေးထိုးနိုင်ခဲ့တာပဲ” ဟု မင်းအောင်လှိုင်က ဆိုသည်။

လယ်ထွန်စက် ထုတ်လုပ်သည့် စက်ရုံ ပေးရန် တောင်းသော်လည်း NLD အစိုးရက မပေး
===========================================

မလွန်တွင် လယ်ထွန်စက် ထုတ်လုပ်သည့်စက်ရုံရှိပြီး ယင်းစက်ရုံကို စစ်တပ်ကို ပေးရန် NLD အစိုးရထံ တောင်းခဲ့ကြောင်း၊ စက်ရုံရပ်ထားရသဖြင့် ပြန်လည် လည်ပတ်နိုင်ရန် စစ်တပ်ကို လွှဲပေးရန် တင်ပြခဲ့သော်လည်း မပေးခဲ့ကြောင်း၊ လိုချင်သည့်ပစ္စည်းရှိလျှင် မှာပါက ထုတ်ပေးမည်ဟု NLD အစိုးရက ပြောခဲ့ကြောင်း၊ မင်းအောင်လှိုင်က လယ်ထွန်စက်ထုတ်ချင်၍ လွှဲပေးရန် တောင်းခံသော်လည်း မပေးခဲ့ကြောင်း ပြောဆိုသည်။

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ၏ လျှပ်စစ်မီတာများ NLD အစိုးရ မသုံး၍ မင်းအောင်လှိုင်ဒေါပွ
===========================================

စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက အင်းတကော်တွင် AIM မီတာများကို ထုတ်လုပ်လျက်ရှိကြောင်း၊ NLD အစိုးရက အဆိုပါ မီတာများကို မသုံးဘဲ ပြည်ပမှ အမျိုးအစားမတူသည့် မီတာများကို သန်းနှင့်ချီ တင်သွင်းခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ဘီလီယံပေါင်းများစွာ ဆုံးရှုံးခဲ့ရကြောင်း၊ ပြည်တွင်းထုတ်ကို အားပေးရမည်ဖြစ်ကြောင်း မင်းအောင်လှိုင် ကပြောဆိုသည်။

ပင်းပက်နှင့်မြင်းခြံသံမဏိစက်ရုံ၊ သာဂရ စက်ရုံများ ရပ်ထားမှု မင်းအောင်လှိုင် မကျေချမ်း၊ စက်ရုံများကို စစ်တပ်က လွှဲယူလိုက်ပြီ
===========================================

NLD အစိုးရလက်ထက်တွင် ပင်းပက်နှင့် မြင်းခြံ သံမဏိစက်ရုံကြီး ၂ ရုံကို လုံး၀ မလည်ရဟုဆိုကာ ရပ်ထားလိုက်ကြောင်း၊ ကုန်ကြမ်းပစ္စည်းများ ရောက်ရှိ ပြီးဖြစ်သော်လည်း စက်ရုံ မလည်ပတ်နိုင်သဖြင့် ပြည်ပချေးငွေ အတိုး တက် လာကြောင်း၊ စက်ရုံပြန်လည်ပတ်ရန် မင်းအောင်လှိုင်က NLD အစိုးရကို ပြော ခဲ့သော်လည်း မလည်ပတ်ဘဲ ရပ်ထားခဲ့ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

ထို့ပြင် သာဂရရှိ စက်ရုံများကို NLD အစိုးရက ရပ်နားခဲ့ကြောင်း၊ မြင်းကောင်ရေ ၁ မဂ္ဂါဝပ်မှ ၅၀ မဂ္ဂါဝပ်အထိ ရေအားလျှပ်စစ်ထုတ်သည့် Generator ထုတ် စက်ရုံ မလည်ပတ်ဘဲ ရပ်ထားကြောင်း၊ အင်ဂျင်ထုတ်စက်ရုံလည်း ရပ်ထား ခဲ့ကြောင်း၊ Excavator နှင့်ဘူဒိုဇာတပ်ဆင်ရေး စက်ရုံများလည်း ရပ်ထား ကြောင်း၊ လယ်ထွန်စက်ထုတ်စက်ရုံ အပါအဝင် စက်ရုံများအားလုံးကို စစ်တပ် က လွှဲယူလိုက်ပြီး လည်ပတ်နိုင်ရေးကြိုးစားနေကြောင်း မင်းအောင် လှိုင် ကဆိုသည်။

ရန်ကုန်ခေတ်သစ်၏တွေ့ရှိချက်များ
=====================

မင်းအောင်လှိုင်က စစ်ကောင်စီအစည်းအဝေးတွင် ပြောဆိုနေသော စက်ရုံရပ် နားထားမှုများသည် ယခင် ဦးသိန်းစိန်အစိုးရလက်ထက်မှစတင်၍ NLD အစိုးရ လက်ထက်အထိ လွှတ်တော်များက အတိုးနှုန်းများသော တရုတ်ချေးငွေ ဖြစ် ခြင်း၊ စက်ရုံများသည် အရည်အသွေး မီ ကုန်များ မထုတ်နိုင်၍ နှစ်စဉ် အကြီး အကျယ် အရှုံးပေါ်နေခြင်းတို့ကြောင့် လွှတ်တော်များက ရပ်နားရန် ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိရသည်။

ဦးပိုင်ကုမ္ပဏီက ထုတ်လုပ်သော AIM လျှပ်စစ်မီတာများသည် ပြည်ပမှ တင် သွင်းသည့် မီတာများထက်ပင် စျေးနှုန်းများပြားပြီး အရည်အသွေးပိုင်းတွင် လည်း စံချိန်မမီသည့်အတွက် NLD အစိုးရလက်ထက်တွင် အရည်အသွေးမြင့် စျေးနှုန်းသက်သာသော ပြည်ပထုတ် လျှပ်စစ်မီတာများ ပြည်သူများ အရည် အသွေးကောင်းမွန်စွာ အသုံးပြုနိုင်ရေး တင်ဒါ စည်းမျည်း စည်း ကမ်း များ နှင့်အညီ တင်သွင်းခဲ့ခြင်းဖြစ်သည်ကို စိစစ်တွေ့ရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article