36 C
Yangon

ပုလဲအင်မထီးရွာတိုက်ပွဲတွင် စစ်သားနှင့် ပျူစောထီး ၁၄ ဦးသေဆုံး၊ ရွှေဘိုတွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၈

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးရွာရှိ ပျူစောထီးသင်တန်းကျောင်းကို ပြည်သူ့တော်လှန်ရေးတပ်မတော် PRA နှင့် ပူးပေါင်းအဖွဲ့က ယနေ့ ဇန်နဝါရီလ ၈ ရက် နံနက် ၁ နာရီခွဲမှ ၃ နာရီအထိ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့ကြောင်းသတင်းရရှိသည်။အင်မထီးရွာတွင် စစ်ကောင်စီက ပျူစောထီးများကို သင်တန်းပေး လက်နက်တပ်ဆင်ပေးထားပြီး အဆိုပါ သတင်းပေးဒလန်များကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အများအပြား ဖမ်းဆီးခံရဖူးကြောင်း၊ ယင်းအတွက် မဖြစ်မနေ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PRA က သတင်းထုတ်ပြန်သည်။အင်မထီးရွာရှိ ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ကို PRA တပ်ခွဲ ၂၂၊ ၂၃၊ ၂၈၊ ကျားသစ်နက်၊ PPDG၊ ဗိုလ်တကျိပ်၊ မြိုင်-MVRF အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။အလားတူ ရွှေဘိုမြို့နယ်၊ တအုံကျေးရွာအနီးတွင် စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့ ဖေဖေါ်ဝါရီလ ၇ ရက် ညနေ ၅ နာရီခန့်တွင် ဒေသကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ ၄ ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ကာ စစ်ကား ၁ စီးပျက်စီး၊ စစ်သား ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း နေလစကြာ Shwe Bo PDF က သတင်းထုတ်ပြန်သည်။ကျောက်မြောင်းမှ ရွှေဘိုဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို ရှေ့ထွက်မိုင်း ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နေလစကြာ (ရွှေဘို)၊ ရွှေဘို ယမ်းဘီလူး၊ Burmese Dragon Force၊ Dhuwan S.B.D.F မဟာမိတ် ၄ ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ဓါတ်ပုံ – ပြည်သူ့တော်လှန်ရေးတပ်မတော် PRA တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article