29 C
Yangon

မင်းကင်း မောက်တက်ရွာရှိ ဘုန်းကြီးကျောင်းပါ မကျန် စစ်တပ်က မီးရှို့၍ ရွာလုံးကျွတ် ပြာကျ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မောက်တက် ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၁၀ရက်နေ့ နံနက် ၃နာရီတွင် ရောက်ရှိလာကာ ရွာလုံးကျွတ် နီးပါးမီးရှို့ဖျက်ဆီးခဲ့ကာ ရွာဦး ဘုန်းကြီးကျောင်းပါ မကျန် မီးလောင် ပျက်စီးခဲ့ကြောင်း မင်းကင်း နွေဦးတော်လှန်ရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ပန်းဆက်၊ တောင်ဖြူမှ ပျူစောထီး အဖွဲ့များနှင့် မုဿာ၊ မောက်တက် ကျေးရွာသို့ သွားရောက်စဉ် လမ်းတလျှောက်ရှိ လယ်ကွင်းပြင်များကို မီးရှို့ခဲ့ပြီးနောက် မောက်တက် ကျေးရွာကိုပါ ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” နံနက် အစောကြီး ရွာထဲကိုရောက်လာပြီး မီးရှို့တော့တာပဲ ပြည်သူတွေလည်း ပြေးရတယ်။ အိမ်တွေကို အရင် မွှေနှောက်ရှာဖွေတာတွေ လုပ်ပြီးမှ မီးရှို့တာ ရွာဦးဘုန်းကြီးကျောင်းက သံဃာပိုင် ပစ္စည်းတွေကိုလည်း ယူသွားပြီး မီးရှို့ခဲ့တယ်” ဟု မင်းကင်းနွေဦးတော်လှန်ရေး အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article