28 C
Yangon

မင်းအောင်လှိုင်နှင့်စစ်တပ်၏ ပြည်သူအပေါ် သတ်ဖြတ်နေသော လုပ်ရပ်ကို လက်မခံနိုင်တော့၍ လေတပ်မှ CDM လုပ်သူ စံချိန်တင်များလာ၊ တပ်ထဲတွင် ဆိုင်းဘုတ်ထောင်၍ CDM မလုပ်ရန် သတိပေးနေရဟုဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်စစ်တပ်က ပြည်သူကို သတ် ဖြတ် နေသော လုပ်ရပ်များကို လက်မခံနိုင်တော့၍ လေတပ်အတွင်းမှ CDM လုပ်ပြီး ပြည်သူ့ဘက်သို့ ခိုလှုံလာသော အရာရှိနှင့်စစ်သည်များ များပြား လာနေပြီး တပ်ထဲတွင် ဆိုင်းဘုတ်ထောင်ကာ CDM မလုပ်ရန် သတိပေး ရသည် အထိ ဖြစ်လာကြောင်း သိရှိရသည်။

နေပြည်တော်၊အမှတ်(၄၅)ကင်းထောက်လေယာဉ်စခန်းတွင်ပင် CDM ပြု လုပ်ပြီး ပြည်သူ့ဘက်သို့ ဘက်ပြောင်း ခိုလှုံလာသူ CDM အရာရှိနှင့် စစ်သည် ၁၈ ဦး ရှိကြောင်း၊ ယင်း ပြည်သူ့ဘက်တော်သား CDM အရာရှိနှင့်စစ်သည် ၁၈ ဦး၏ ဓာတ်ပုံများကို တပ်လိုင်းခန်းများတွင် ထောင်ထားပြီး CDM မလုပ်ရန် သတိပေးမှုများ ရှိကြောင်း သိရှိရသည်။

နေပြည်တော် အမှတ် ၄၅ ကင်းထောက်လေယာဉ်စခန်းမှ CDM ပြုလုပ်သူ များ တွင် ဗိုလ်ကြီးဇေသူအောင် သည် ပထမဦးဆုံးသော CDM လေတပ်အရာရှိ အဖြစ် ပါဝင်လာပြီး ယခုအခါ လွတ်မြောက်နယ်မြေရောက်ရှိ‌နေပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article