28 C
Yangon

မောင်တောတွင် စစ်သားများ သယ်ဆောင်လာသည့် ကားတစ်စီးမိုင်းဆွဲခံရပြီး ကားပိုင်ရှင်နှင့် အကူ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်း ကျေးရွာအနီးရှိ ကွန်ကရစ်တံတားတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် တေဘာကားအမျိုးစားဖြင့်စစ်ကောင်စီတပ်သားများသယ်ဆောင်လာသည့် ကားတစ်စီးမိုင်းဆွဲခံရ၍ ကားပေါ် ပါလာသည့် ဒေသခံ ၂ ဦးသေဆုံးသွားကြောင်း သိရသည်။မိုင်းဆွဲခံရလိုက်ရသည့် ကားမှာ ကြိမ်ချောင်းကျေးရွာမှ ဖားဝပ်ချောင်းကျေးရွာသို့ ‌မောင်းနှင်လာချိန်တွင် မိုင်းခွဲခံလိုက်ရခြင်းဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဖားဝပ်ချောင်းကျေးရွာသားတစ်ဦးက ပြောသည်။”ကားကသစ်တင်တဲ့ကား။ အဲဒီကားထဲမှာ မြန်မာစစ်သားတွေကိုတင်လာတယ်လို့သိရတယ်။ ဘယ်အဖွဲ့က မိုင်းခွဲလိုက်တာလည်းဆိုတာကိုတော့ တိတိကျကျမသိဘူး။ ကားပိုင်ရှင်အမျိုးသမီးလည်း သေတယ်။ အကူတစ်ယောက်လည်း သေသွားတယ်”ဟု ပြောသည်။သေဆုံးသူ ၂ ဦးမှာ ဖားဝပ်ကျေးရွာမှ ကားပိုင်ရှင် ဒေါ်စောခင်လှအသက် (၅၀)နှင့် ငန်းချောင်းကျေးရွာမှ ကိုအေးကိုကို အသက် ၂၅ (မွတ်ဆလင်)တို့ဖြစ်ကြသည်။ဖားဝပ်‌ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက”မိုးလင်းတော့ ကျွန် တော်ကို စစ်တပ်ကဖုန်းဆက်လာတယ်။ အလောင်း၂လောင်းသယ်လာဖို့။ ကြိမ်း ချောင်းတပ်ရင်းက ဖုန်းဆက်လာတာ။ အခုတော့အလောင်းရွာကို ရောက်နေပြီ။ ဘယ်အဖွဲ့ကမိုင်းဆွဲတာလည်း တိတိကျကျမသိရဘူး။ ကားမှာတော့ မြန်မာစစ်သားတွေပါလာတယ်လို့သိရတယ်”ဟုပြောသည်။ ယင်းအပြင် အဆိုပါကားမိုင်းဆွဲခံလိုက်ရပြီးနောက် နာရီခွဲခန့် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ကြားလိုက်ရသည်ဟု ဖားဝပ်ချောင်း ကျေးရွာသားများက Western News ကိုပြောသည်။ပြီးခဲ့သည် ဖေဖော်ဝါရီ ၄ ရက်နေ့ တိုက်ပွဲတွင်လည်း မြန်မာစစ်တပ်က လက်ဦးမှုယူ၍ ပစ်ခတ်မှုကြောင့်ကင်းစောင့်နေသည့် ရက္ခိုင့်တပ်တော် AAဖက်က တပ်သားတစ်ဦး ကျဆုံးခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက Western News ကိုပြောဆိုထားသည်။ယင်းအပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း မောင်တောမြို့နယ် မီးတိုက် ကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ်ဖက်မှ ၇ဦးသေဆုံးခဲ့သည်ဟု သိရသည်။မောင်တောမြို့နယ်က အခြေအနေကို သိရဖို့ ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စစ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။
ဓာတ်ပုံ- ၂၀၂၀ ခုနှစ်တွင် မြောက်ဦးတွင် မိုင်းဆွဲခံလိုက်ရသည့် အကြမ်းဖက် စစ်ကောင်စီ၏ ကားတစ်စင်း။ (ပုံအဟောင်းဖြစ်ပါသည်)(Western News-WN သည်ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article