27 C
Yangon

မြောက်ဒဂုံတွင် စစ်ကားရှေ့ လက်သုံးချောင်းထောင် အော်ဟစ်ဆန္ဒပြသူ ကိုကောင်းထက်ပိုင်ကို စစ်တပ်က ပစ်သတ်၊ ရုပ်အလောင်း စစ်တပ်က လုယူ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ဗိုလ်မှူးဗထူးလမ်းပေါ်ရှိ 360 ဆီဆိုင်နှင့် ဗထူးအိမ်ရာနားတွင် ယနေ့ ဖေဖော် ဝါရီလ ၉ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် စစ်ကားရှေ့ လက်သုံးချောင်းထောင် အော်ဟစ်ဆန္ဒပြသူ ကိုကောင်းထက်ပိုင်ကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း အဆိုပါရပ်ကွက်အတွင်းနေထိုင်သူများ ထံမှ သိရှိရသည်။

သေဆုံးသူမှာ အသက် ၂၇ နှစ်အရွယ် ကိုကောင်းထက်ပိုင်ဖြစ်ပြီး မိခင်ဖြစ်သူနှင့်အတူ ဘတ်စ်ကားပေါ်မှ အဆင်းတွင် ကိုကောင်းထက်ပိုင်က စစ်ကားကို တွေ့၍ စစ်ကားရှေ့ပြေးကာ လက်သုံးချောင်းထောင်ကာ အော်ဟစ်ဆန္ဒပြစဉ် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကောင်းထက်ပိုင်က နိုင်ငံရေးကြောင့် အလုပ်လက်မဲ့ဖြစ်သွားတာ။ အာဏာ သိမ်းပြီးကတည်းက။ မီးပွိုင့်မိနေတဲ့ စစ်ကားရှေ့ကို ပြေးဝင်ပြီး လက် ၃ ချောင်းထောင် အော်ပြီး တစ်ခုခု ပြောလို့ ပစ်သတ်လိုက်တာ။ ဘာပြောလဲတော့ မသိလိုက်ဘူး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

လက်ရှိအချိန်အထိ စစ်တပ်က မိသားစုဝင်များထံသို့ ကိုကောင်းထက်ပိုင်၏ ရုပ်အလောင်းကို ပြန်မပေးသေးကြောင်း ရပ်ကွက်အတွင်းနေထိုင်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article