37 C
Yangon

ရန်ကုန်တာမွေတွင် စစ်တပ်ပိုင် Mytel အရောင်းဆိုင်ကို ဗုံးဖောက်ခွဲတိုက်ခိုက်၊ သာကေတတွင်လည်း ဗုံးပေါက်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ စစ်တပ်ပိုင် Mytel အရောင်းဆိုင်ကို ယနေ့ နံနက်ပိုင်းတွင် ဗမာ့လူငယ်ကွန်ရက်က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ဗမာ့လူငယ်ကွန်ရက်က သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ၈ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်ခန့်တွင် တာမွေမြို့နယ် mytel showroom တစ်ခုကို ဖောက်ခွဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးအဖွဲ့၀င်များ အားလုံး ဘေးကင်းစွာ ဆုတ်ခွာလာနိုင်ခဲ့ကြောင်း၊ မီးစက်တစ်လုံး ထိခိုက်ပျက်စီး သွားသည် ဟု ကနဦး သိရှိရကြောင်း၊ စီးပွားရေးထောက်တိုင်များ အပြင် စစ်ကောင်စီ အနွယ်၀င်များ အားလုံးကို အပြီးသတ် ဖြေရှင်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဗမာ့လူငယ်ကွန်ရက်က ထုတ်ပြန်ထားသည်။ အလားတူ ယနေ့ နံနက် ၅ နာရီ ၂၄ မိနစ်အချိန် သာကေတမြို့နယ်တစ်နေရာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဓာတ်ပုံ- ယမန်နှစ် ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသော တာမွေ Mytel အရောင်းဆိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article