40.9 C
Yangon

ရန်ကုန်တွင် တောင်ဒဂုံစည်ပင်ရုံး၊ လှိုင်သာယာ ကင်းလှည့်စစ်ယာဉ်တန်း၊ ခရမ်းစစ်ဆေးရေးဂိတ်နှင့် မင်္ဂလာဒုံလေတပ်ဝင်းများ တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ရန်ကုန်မြို့တွင် တောင်ဒဂုံစည်ပင်ရုံး၊ လှိုင်သာယာ ကင်းလှည့်စစ်ယာဉ်တန်း၊ ခရမ်းစစ်ဆေးရေးဂိတ်နှင့် မင်္ဂလာဒုံလေတပ်ဝင်းများကို ပြည်သူ့ကာကွယ်ရေး တပ်များက တိုက်ခိုက်ကြောင်း သက်ဆိုင်ရာ ဒေသ ကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၄ နာရီ ၃၃ မိနစ်အချိန် SSUG (တောင်ပိုင်း ပြည်သူ့ ကာ ကွယ်ရေး အင်အားစု) အဖွဲ့သည် SDGF (SSUG တပ်ခွဲ-၃) ဒဂုံတောင်အထူးပြောက်ကြားအဖွဲ့ ၊အာဏာသိမ်းဆန့်ကျင်ရေး နှင့်ပြည်သူ့ လွတ် မြောက်ရေးအဖွဲ့(ACPLF) တို့နှင့် ပူးပေါင်း၍ ရန်ကုန်တိုင်း၊တောင် ဒဂုံမြို့နယ် ၂၄ရပ်ကွက်၊မြစံပယ်လမ်း စည်ပင်ရုံးနောက်ဘက်ခြမ်းကို ၂ ကြိမ် ဖောက်ခွဲတိုက်ခိုက်ကြောင်း အဆိုပါအဖွဲ့မှ ဗိုလ်စောဘလူးက ပြောသည်။

အလားတူ ယမန်နေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ ည ၉ နာရီ အချိန်ခန့်တွင် ပန်းလှိုင် အိမ်ရာ ဘက်သို့ ဦးတည်၍ ကင်းလှည့်နေသော စစ်ကောင် စီယာဉ် တန်းအား ပဒေသာ မိုင်း ၃ လုံး ဖြင့် HRDF တပ်ဖွဲ့က စောင့်ကြို တိုက်ခိုက် ခဲ့ပြီး မိုင်း ၂လုံးသာ ပေါက်ကွဲကြောင်း၊ စစ်ကောင်စီ တပ်သားများ ဖရိုဖရဲ ဖြင့် ထွက်ပြေးခဲ့ကြောင်း၊ HRDF အဖွဲ့က စစ်တပ်ထုတ်ကုန်များ ရောင်းချ နေသည့် အရက်ဘီယာ အေးဂျင့်ဆိုင်များနှင့် စားသောက်ဆိုင်များကို နောက် ဆုံး အနေဖြင့် စစ်တပ်ထုတ်ကုန်များအား မရောင်းချတော့ရန် သတိ ပေး ကြောင်း ထုတ်ပြန်သည်။

အလားတူ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်အချိန် ရန်ကုန် တိုင်း၊ ခရမ်းမြို့နယ် သက္ကလမြို့နှင့် ခရမ်းမြို့ကြားရှိ ဇွဲတွန် စစ်ဆေးရေး ဂိတ်ကို ၄၀ မမလက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ခရမ်း ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၃ ရက်နေ့ ည ၇ နာရီခွဲအချိန် ရန်ကုန်ရှိ မင်္ဂလာဒုံ လေတပ်ဝန်းကို ဗုံးသီးလောင်ချာ ၃ လုံးဖြင့် MO-8 အဖွဲ့က ပစ်ခတ် တိုက် ခိုက် ခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရှိရသည် ။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ လေတပ်ဝင်းအတွင်းမှ စစ်လေယာဉ်တချို့။ (ပုံအဟောင်းဖြစ်သည်)

Photo Credit- Andy Davey

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article