36 C
Yangon

ရန်ကုန်သီလဝါဆိပ်ကမ်းတွင် တရုတ်မှ သယ်လာသော လေကြောင်းရန်ရေဒါတပ်ကားများ၊ ရေတပ်ရေဒါ အပါအဝင် စစ်သုံးပစ္စည်းများ လာပို့သည့် သင်္ဘော ဆိုက် ကပ်၊ စစ်တပ်က ဆိပ်ကမ်းကိုထိန်းချုပ် ပစ္စည်းသယ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ရန်ကုန်သီလဝါဆိပ်ကမ်းတွင် တရုတ်နိုင်ငံ TIANJINဆိပ်ကမ်းမှ လေကြောင်းရန်ရေဒါတပ်ကားများ၊ ရေ တပ် ရေဒါ ပစ္စည်းများ အပါအဝင် ကာကွယ်ရေးပစ္စည်းများ လာပို့သည့် သင်္ဘောဆိုက်ကပ်နေပြီး စစ်တပ်က ဆိပ်ကမ်းကို ထိန်း ချုပ်ကာ ပစ္စည်းများ သယ်ယူနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရပ်ကွက်ထံမှ သိရှိရသည်။

စစ်ကောင်စီအတွက် ပစ္စည်းများ သယ်ဆောင်လာသော သင်္ဘောမှာ ပနားမား အလံတင်ထားသည့် LIN HAI သင်္ဘောဖြစ်ပြီးIMO 90123099 ဖြစ်ကြောင်း သိရှိရသည်။

လေကြောင်းရန်ကာကွယ်ရေး ရေဒါတပ်ကားများ အပြင် လေကြောင်းရန် ကာ ကွယ်ရေးတပ်ဖွဲ့အတွက် စက်ကရိယာများ၊ ဂျက်လေယာဉ်ပြင်ဆင်မှုဆိုင်ရာ အစိတ်အပိုင်းများ၊ ရေကြောင်းစောင့်ကြည့်ရေး ရေဒါနှင့် ရေတပ်သင်္ဘောများအတွက် အပိုပစ္စည်းများ အပါအဝင် စုစုပေါင်း ပေ ၄၀ ကွန်တိန်နာ ၂၈ လုံးအပြည့် သယ်ဆောင်လာကြောင်း နေပြည်တော်စစ်ဘက်သတင်းရပ်ကွက်က ပြောသည်။

အဆိုပါ သင်္ဘောသည် တရုတ်နိုင်ငံ TIANJINဆိပ်ကမ်းမှ ဇန်နဝါရီလ ၃၁ ရက်နေ့ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ရန်ကုန် သီလဝါ ဆိပ်ကမ်းကို ဖေဖော်ဝါရီ ၁၅ ရက်နေ့ တွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါသင်္ဘောက သယ်ဆောင်လာသည့် ကာကွယ်ရေးပစ္စည်းများတွင်ကျောက် ဖြူရေနက်ဆိပ်ကမ်းတွင် တပ်ဆင်မည့်ပစ္စည်းများလည်း ပါဝင်ကြောင်း သိရှိရသည်။

“သူက သံထည်ပစ္စည်းတွေနဲ့ General Cargo ပုံစံ သယ်လာတာ။ တချို့ကာ ကွယ်ရေးပစ္စည်းတွေက ရေနက် ဆိပ်ကမ်းတွေမှာ တပ်ဖို့ ပြောတယ်။ ကျောက် ဖြူရေနက်ဆိပ်ကမ်းအတွက်လို့ သိရတယ်။ အိမ်စီးကား ၇၂ စီးလည်းပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ စစ်တပ်က စစ်သုံး ပစ္စည်းနှင့် ကာကွယ် ရေးပစ္စည်းများကို မှာယူတင်သွင်းရာတွင် လုပ်ထုံးလုပ်နည်းအတိုင်းမဟုတ်ဘဲ စာရွက်စာတမ်းများ တင်ပြခြင်းမရှိသည့်အပြင် ဆိပ်ကမ်းတစ်ခုလုံးကိုပါ လုံခြုံရေးချ ထိန်းချုပ် သယ်ယူနေကြောင်း၊ မင်းမဲ့စရိုက် ဆန်ဆန် ပြုမူနေကြောင်း ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း သီလဝါ MITT ဆိပ်ကမ်းတွင် Captain Yakubovich (AZSCO) အမည်ရှိ ရုရှားသင်္ဘောက တင့်ကားများ၊ လက်နက် ကြီး အမြောက်များ၊ လက်နက်ခဲယမ်းများကို လာချပေးခဲ့ပြီး ယင်းတင့်ကားနှင့် လက်နက်ကြီးအမြောက်များကို လာရောက်ပို့ဆောင်သွားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article