33 C
Yangon

ရေစကြို ရေလယ်ကျွန်းရှိ ပြည်သူပိုင် နေအိမ် ၁၇လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းရှိ ပြည်သူပိုင် နေအိမ် ၁၇ လုံးကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၂၆ရက်နှင့် ၂၇ ရက်နေ့တို့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ရေလယ်ကျွန်းရှိ မြောက်ရွာ၊ ကျွန်းညိုရွာ၊ နတ်ပေး၊ ခြံယာနှင့် နွယ်နီရွာတို့ရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ၂၆ ရက်နေ့က မြောက်ရွာက နေအိမ် ၂လုံးနဲ့ ကျွန်းညိုရွာက နေအိမ် ၁လုံး မီးရှို့ဖျက်ဆီးခံရတယ်။ ၂၇ ရက်နေ့ကျတော့ မြောက်ရွာက နေအိမ် ၁၀လုံး၊ ကျွန်းညိုရွာက နေအိမ် ၁လုံး၊ နတ်ပေးရွာက နေအိမ် ၁လုံး၊ ခြံယာရွာကနေအိမ် ၁လုံးနဲ့ နွယ်နီရွာက နေအိမ် ၁လုံးတို့ကိုတော့ ထပ်ပြီးတော့ မီးရှို့ ဖျက်ဆီး သွားတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ကျေးရွာများ အတွင်းပြန်လည် ရောက်ရှိလာမည်ကို စိုးရိမ်သောကြောင့် ဒေသခံပြည်သူများ အားလုံး ကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်လာခြင်းမရှိသေးဘဲ ဘေးလွတ်ရာ၌ တိမ်းရှောင် နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article