26 C
Yangon

ဟင်္သာတမြို့ လေတပ်ဗိုလ်မှူး ဇော်မင်းထင်ကျော် မိသားစု နေအိမ်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ် စေတီလမ်းရှိ လေတပ်ဗိုလ်မှူး ဇော်မင်းထင်ကျော်၏ မိသားစုဝင်များ နေထိုင်သော အိမ်ရှေ့တွင် ဖေဖော်ဝါရီလ ၁ဝရက်နေ့ နံနက် ၅နာရီ ၁၈မိနစ်ခန့်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဟင်္သာတမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ အဆိုပါ တိုက်ခိုက်မှုကို ဟင်္သာတမြို့ Local PDF အမျိုးသမီးအဖွဲ့မှ ပထမအကြိမ် သတိပေးသည့် အနေဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကာ လေတပ်ဗိုလ်မှူး ဇော်မင်းထင်ကျော်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများကို ကိုယ်တိုင်ပြုလုပ်ခြင်း၊ စေခိုင်းခြင်းများ လုပ်ဆောင်ခဲ့လျှင် ပြင်းထန်စွာ တုန့်ပြန်သွားမည်ဟု ဟင်္သတမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ယင်း တိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် ထိခိုက် ဒဏ်ရာရရှိသူ မရှိသော်လည်း နေအိမ်ခြံစည်းရိုး ပျက်စီးသွားကာ စစ်တပ်က လမ်းသွားလမ်းလာ ပြည်သူများကို ပိတ်ဆို့ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article