36 C
Yangon

အုပ်ချုပ်၍ မရတော့သည့် မကွေးတိုင်း၊ မကွေးမြို့သို့ မင်းအောင်လှိုင် မနက်ဖြန်လာမည်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အုပ်ချုပ်မှု ယိုယွင်းနေတဲ့ မကွေးတိုင်း၊ မကွေးမြို့ကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ သွားရောက်ပြီး အဲဒီနေ့ မွန်းလွဲ ၁ နာရီမှာ ဌာနဆိုင်ရာတွေ အားလုံးနဲ့ တွေ့ဆုံမယ်လို့ ဝန်ထမ်းအသိုင်းအ၀ိုင်းက အတည်ပြုပြောဆိုပါတယ်။

မကွေးမြို့တော်ခန်းမမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ မွန်းလွဲ ၁ နာရီမှာ တွေ့ဆုံပြီးတဲ့နောက် ရွှေစက်တော်ကို သွားရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

လက်ရှိ မကွေးတိုင်းမှာ ဂန့်ဂေါခရိုင် ၃ မြို့နယ်၊ ပေါက်မြို့နယ်၊ မြိုင်မြို့နယ် အပါအဝင် မြို့နယ်အများစုမှာ PDF တွေစိုးမိုးလာပြီး အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းနေပြီဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article