31.9 C
Yangon

အောင်ချမ်းသာကျေးရွာတွင် နေအိမ်များကို ဖောက်ထွင်းနေသော စစ်ကောင်စီတပ်ဖွဲ့ကို ဒီးမော့ဆို PDF သွားရောက်တိုက်ခိုက်၊ စစ်သား ၃ ဦးခန့် သေဆုံး

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၀

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာတွင် အများပြည်သူနေအိမ်များကို ဖောက်ထွင်းကာ ပစ္စည်းများ ခိုးယူနေသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒီးမော့ဆို PDF က ယနေ့ ဖေဖေါ်ဝါရီလ ၁၀ ရက် နံနက် ၉ နာရီခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦးခန့် ထိခိုက်သေဆုံးကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။တိုက်ခိုက်မှုသည် ၁ နာရီကျော်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း၊ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်လို့ စစ်သား ၃ ဦးခန့် ထိခိုက်သေဆုံးကြောင်း၊ PDF များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဒီးမော့ဆို PDF က သတင်းထုတ်ပြန်သည်။ပစ်ခတ်တိုက်ခိုက်မှုဖြစ်သည့်နေရာတွင် အများပြည်သူပိုင် နေအိမ် ၄ လုံးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒီးမော့ဆို PDF ရှေ့တန်း စစ်ကြောင်းမှူးက ဆိုသည်။ယနေ့ ဖေဖေါ်ဝါရီလ ၁၀ ရက်တွင် ကရင်နီတပ်မတော်၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များကြား ကရင်နီပြည်နယ် ဒီးမော့ဆို၊ လွိုင်ကော်နှင့် ရှမ်း-ကရင်နီအစပ် ဖယ်ခုံမြို့များ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article