ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
မုံရွာ လူငယ်များစည်းရုံး နှင့် ရပ်ကွက် သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ မုံရွာမြို့ ရပ်ကွက်တစ်ခုတွင် ပင်လုံ စာချုပ်ချုပ်ဆိုခြင်း (၇၅) နှစ်မြောက် အထိမ်းအမှတ် အဖြစ် ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် “ပင်လုံ ကတိကဝတ်အရင်းတည် ဖက်ဒရယ် ပြည်ထောင်စုသို့ ရဲရဲချီ” စာတန်းကိုင်ဆောင်ကာ စစ်အုပ်စုက သတ်မှတ်ခဲ့သည့် နိုင်ငံတော် အလံအား မီးရှို့ပြီး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
Photo – မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ