28 C
Yangon

မင်းကင်း မုဿာရွာနှင့် မောက်တက်ရွာတွင် အိမ်ခြေ ၃ဝဝကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး၍ ပြာကျ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ရှိ မုဿာကျေးရွာအုပ်စု မုဿာရွာနှင့် မောက်တက်ရွာတို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့က ဖေဖော်ဝါရီလ ၁ဝရက်နေ့ နံနက် ၅ နာရီခန့်တွင် ဝင်ရောက်စီးနင်းခဲ့ပြီး အိမ်ခြေ ၃ဝဝကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် မုဿာရွာရှိ အိမ်ခြေ ၁၅ဝခန့်နှင့် မောက်တက်ရွာရှိ အိမ်ခြေ ၁၃ဝခန့်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကာ ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ” aမာက်တက်ကလည်း အိမ်ခြေ ၁၂ဝ နဲ့ ၁၃ဝလောက်လောင်တယ်။ ကျွန်တော်တို့ မုဿာကလည်း ကတော့ ၁၅ဝလောက်လောင်တယ်။ မောက်တက်လည်း ၁၃ဝလောက်လောင်မယ်။ အတိအကျတော့ မသိရသေးပေမယ့် ရွာမှာ အိမ်ခြေ မကျန်ခဲ့သလောက်ဘဲ မောက်တက်မှာက ဘုန်းကြီးကျောင်း တစ်ကျောင်းလုံးတော့ မီးလောင်းတာမဟုတ်ဘူး။ ဘုန်းကြီးကျောင်း အဆောင်တစ်ခုတော့ လောင်သွားတယ်။ ရွာသားတွေ အကုန်လုံးလည်း တောထဲမှာပဲ စစ်ဘေးရှောင်နေရတာ ရွာသားတွေကတော့ မဝင်ကျသေးဘူး။ ဝင်ရင်လည်း နေစရာ နေရာတွေမှ မရှိတော့တာ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။ထို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် မုဿာရွာနှင့် မောက်တက်ရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး တပြိုင်တည်း ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိချိန်တွင် တောတောင်များအတွင်း စစ်ရှောင်နေသော ဒေသခံပြည်သူများသည် စားရေးသောက်ရေး ခက်ခဲလျက်ရှိကာ အဝတ်အထည်များနှင့် ခြုံစောင်များလည်း လိုအပ်လျက်ရှိပြီးကာ ကျေးရွာအတွင်းရှိ နေအိမ်များသည်လည်း စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြာများသာ ကျန်ရှိတော့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article