ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၈
ပဲခူးတိုင်း၊ ရေကြည်ရွာမှ သရက်မြောင်ရွာဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဖေဖေါ်ဝါရီလ ၁၇ ရက် ယမန်နေ့ ညနေ ၄ နာရီခွဲတွင် Phoenix DF (နတ်တလင်း PDF) က မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေရာတွင် စစ်သားအလောင်း ၂ လောင်း ကျန်ရစ်ခဲ့ပြီး အခြား ၃ လောင်းကို စစ်ကောင်စီတပ်မှ ပြန်လည် သယ်ယူသွားကြောင်း Phoenix DF (နတ်တလင်း PDF) က သတင်းထုတ်ပြန်သည်။