28 C
Yangon

မန္တလေးတွင် ငွေတောင်းသည့် ယာဉ်ထိန်းရဲများ နှင့် ပေါက်မြို့နယ်၊ ရေပြာ ရဲ စခန်း ကို တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်းသေ၊ ခရမ်း တွင် ယမန်နေ့ည ဗုံးပစ်မှုမှ ဒဏ်ရာရ စစ်သား၂ ဦး ထပ်သေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

မန္တလေးတွင် စစ်တပ်က ငွေကြေးကောက်ခံနေသော နေရာကို မန္တလေး Guerilla Force of Mandalay က ပစ်ခတ်တိုက်ခိုက်သဖြင့် စစ်ကောင်စီ တပ် ဖွဲ့ဝင် ၃ ဦးသေဆုံးကြောင်း GRA က သတင်းထုတ်ပြန်သည်။

ယနေ့ ညနေ ၄ နာရီ ၂၀ မိနစ်ဝန်းကျင်တွင် ၇၈ လမ်းနှင့် ရတနာပုံမီးပွိုင့်တွင် ပြည်သူများထံမှ မတရား ဆက်ကြေးကောက်ခံနေသော ယာဉ်ထိန်းရဲများနှင့် ရဲများကို ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၃ ဦးသေဆုံးကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့က မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ ဥက္ကဋ္ဌ ဦးရန်ကင်း သေနတ်ပစ်ခတ်ခံရပြီး ယနေ့ သေဆုံးသွားကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်ခန့်အချိန် မကွေးတိုင်း၊ ပေါက် မြို့နယ် ရေပြာရဲစခန်းကို ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ပေါက်မြို့နယ်ပြည်သူကာကွယ် ရေး တပ်ဖွဲ့ မဟာမိတ် ၃ ခုနှင့် (ပ.က.ဖ)များပူးပေါင်း၍ တိုက်ခိုက်ရာ စခန်းမှူး အပါ အဝင် (၅)ဦး သေဆုံးသွားခဲ့ကြောင်း၊ တိုက်ပွဲမှာ ၄၅ မိနစ်ကြာမြင့်ကြောင်း၊ ရေစကြိုမြို့နယ်ပြညိသူကာကွယ်ရေးရဲဘော် ( ၂) ဦးထိခိုက် ဒဏ်ရာ ရှိခဲ့ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြို People Defense Force Yesagyoက သတင်းထုတ်ပြန်သည်။

အလားတူ ယမန်နေ့ညပိုင်း ရန်ကုန်တိုင်း ခရမ်းမြို့ စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ပညာရေးမှူးရုံး ဗုံးပေါက်ကွဲမှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ဆေးကုသမှုခံယူနေရသော ၅ ဦး အနက် ၂ ဦးထပ်မံသေဆုံးသွားခဲ့ကြောင်း ၊ ယနေ့ ညနေ ၃ နာရီ ခန့်တွင် ၁ ဦး (ကြည်း တပ်သား) သေဆုံးခဲ့ပြီး ယနေ့ ညနေ ၅ နာရီခွဲခန့်တွင် ၁ ဦး ထပ်ပ်မံ သေဆုံးသွားခဲ့ကြောင်း ၊ ထို့ကြောင့် ယမန်နေ့ ညဗုံးပေါက် ကွဲမှုဖြစ် စဥ်တွင် စစ် ကောင်စီဘက်မှ ၅ ဦးအထိ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရေစကြို PDF များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article