29 C
Yangon

ကျိုက်ထို၊ အင်္ဂဘိုတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ စစ်သား ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၆

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာတွင် စစ်ကား ၁၂ စီးပါ စစ်ကောင်စီယာဉ်တန်း ယနေ့နံနက် ၁၀ နာရီခန့်တွင် ပစ်ခတ်ခံရကြောင်းနှင့် မိနစ် ၂၀ ခန့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကြကြောင်း သတင်းရရှိသည်။

” အင်္ဂဘိုကျေးရွာ၊ ခိုင်ရွှေစိမ်း ကျွဲကောခြံရှေ့မှာ စစ်ကားတွေ အပစ်ခံရတာ၊ ဘယ်အဖွဲ့က လာပစ်တာလဲဆိုတာတော့ မသိရသေးဘူး။ နှစ်ဖက်ပစ်ကြတာ မိနစ် ၂၀ လောက် ကြာတယ်။ ဘယ်လောက်သေလဲတော့ မသိသေးဘူး၊ ကျိုက်ထိုဘက်ကနေ လူနာတင်ကားတွေနဲ့ လာသယ်သွားတယ်။” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အဆိုပါဒေသသည် KNU တပ်မဟာ ၁ နယ်မြေအတွင်းရှိပြီး KNLA အဖွဲ့များ လှုပ်ရှားသလို၊ ဒေသကာကွယ်ရေးအဖွဲ့များလည်း ရှိနေပြီး စစ်ကောင်စီယာဉ်တန်းကို မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်ကြောင်း ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပစ်ခတ်မှုဖြစ်ပြီးနောက် မုပ္ပလင်ကျေးရွာရှိ မရမ်းချောင်စစ်ဆေးရေးဂိတ်မှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် တိုက်ပွဲဖြစ်ရာနေရာနှင့် အနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း၊ ဒေသခံပြည်သူ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article