36 C
Yangon

Breaking News- အင်းစိန်ထောင်တွင် “စစ်အာဏာရှင်ဖြုတ်ချရေး အတွက် ” နိုင်ငံရေးအကျဉ်းသားများ ၃ ရက်တာ အစာငတ်ခံ ဆန္ဒပြနေ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရန်ကုန်အင်းစိန်အကျဉ်းထောင်တွင် “စစ်အာဏာရှင် ဖြုတ်ချရေးအတွက်” နိုင်ငံ ရေးအကျဉ်းသားများ ယနေ့မှစတင်၍ ၃ ရက်တာ အစာငတ်ခံဆန္ဒပြလျက်ရှိကြောင်း အကျဉ်းထောင်တွင်း သတင်းရင်းမြစ်များက ပြောသည်။ “ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့အတွက် စစ်အာဏာရှင်ဖြုတ်ချရုံမှ တစ်ပါး ဘာမှ မရှိ ” ဆိုသော ကြွေးကြော်သံဖြင့် အင်းစိန်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများက ဖေဖော်ဝါရီလ ၁၂ ရက်နေ့နှင့် ၁၄ ရက်နေ့တို့တွင် အစာငတ်ခံ ဆန္ဒပြကြခြင်းဖြစ်ကြောင်း၊ Black TV လှုပ်ရှားမှုတွင်လည်း ပြည်သူများနှင့်အတူ ပါဝင်ကြမည်ဖြစ်ကြောင်း ထောင်တွင်းနိုင်ငံရေးအကျဉ်းသားများက ပြောသည်။ “နံရံကိုခေါင်းနဲ့ မတိုက်နဲ့တဲ့ ငါတို့ကား နိုင်လိုစိတ်ဖြင့်တိုက်၏ အာဏာရှင်တံ တိုင်း ဗုန်းဗုန်းလဲစေ”ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦးကလည်း ထောင်တွင်းမှ ကဗျာရေးသား ပေးပို့ထားသည်။ အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများက အစာငတ်ခံ ဆန္ဒပြရာတွင် ၁။ စစ်အုပ်စုသည် နိုင်ငံသူ နိုင်ငံသားများမှ လက်ခံယုံကြည်သည့် ဒီမိုကရက်တစ်လူ့ဘောင်တခု၏ နိုင်ငံရေးယုံကြည်ချက်များအား ဖျောက်ဖျက်ရန်အတွက် ပြည်သူလူထုအား လက်နက်ကြီး/ငယ်များနှင့်သတ်ဖြတ်ဖြိုခွဲခြင်း၊ သောင်းနှင့်ချီသော လူပုဂ္ဂိုလ်များအား နံရံများသုံး၍ချုပ်နှောင်ခြင်း၊ ထောင်ဆွေးပုဒ်မများဖြင့်အမိန့်ချခြင်းတို့ကို အာဏာသိမ်းပြီးတနှစ်ကျော်ကာလထိ တစိုက်မတ်မတ်ကျူးလွန်ပြုလုပ်ခဲ့သည်။သို့သော် နိုင်ငံရေးအိပ်မက်နှင့် ယုံကြည်ချက်အား အကြမ်းနည်းသုံး၍ နံရံများဖြင့် ဖျောက်ဖျက်ရန်ကြိုးပမ်းမှု မှန်သမျှသည် အချည်းနှီးဖြစ်ပြီး ဒီမိုကရက်တစ်လူ့ဘောင်တခု၏ နိုင်ငံရေးအိပ်မက်နှင့် ယုံကြည်ချက်များသည် မြူတမှုန်မျှ လွင့်ပြယ်မသွားကြောင်းကို ဤနိုင်ငံရေး သိဒ္ဓိတင်မှုအားဖြင့် တို့သက်သေထူသည်။၂။ စစ်အုပ်စုကျူးလွန်ခဲ့သော မတရားမှုတိုင်းအတွက် မည်သည့်စကားပြောဆိုမှု၊ မည်သည့်ဆွေးနွေး ညှိုနှိုင်းမှုမျှ မပြုလုပ်လိုသော ကျွန်ုပ်တို့၏သဘောထားများအား ဤနိုင်ငံရေးသိဒ္ဓိတင်မှုအားဖြင့် သက်သေထူသည်။ဟု ပြည်သူများထံ သတင်းစကားပါးထားကြောင်း General Strike Committee – GSC က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article