25 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: February, 2022

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၅ ရက်နေ့အတွက် ရုပ်သံသတင်းအစီအစဉ် စမ်းသပ် ထုတ်လွှင့်

By ရန်ကုန်ခေတ်သစ် ယခု ဖေဖော်ဝါရီလမှစတင်၍ နေ့စဉ် ရုပ်/သံသတင်းအစီအစဉ်များကို စမ်းသပ် ထုတ်လွှင့်မည်ဖြစ်ပြီး များမကြာမီ နေ့စဉ်ပုံမှန် ထုတ်လွှင့်မည်ဖြစ်ပါသည်။ ယနေ့ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နောက်ဆုံးရသတင်းများကို ကြေညာတင် ဆက်လိုက်ပါသည်။ https://www.youtube.com/watch?v=VCRDOaJdI0g

ရွှေဘို၊ ဂွေးကုန်းကျေးရွာရှိ ပျူစောထီး ၂ ဦးကို ဒေသကာကွယ်ရေးအဖွဲ့က ရှင်းလင်း၊ ဂွေးကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရပြီး ၃၅ ဦးထက်မနည်း သေဆုံးနိုင်

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အရှေ့ခြမ်း ဂွေးကုန်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတို့ ၂ ဦးကို ဒေသကာကွယ်ရေးအဖွဲ့များက ယမန်နေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် ရှင်းလင်းခဲ့ပြီး သေနတ် ၂ လက် သိမ်းဆည်းရမိကြောင်း ရွှေဘို ယမ်းဘီလူး အဖွဲ့က သတင်းထုတ်ပြန်သည်။ဂွေးကုန်းကျေးရွာရှိ...

ဂျာမနီရောက် မြန်မာများ၏ ဆန္ဒပြကြိုးပမ်းမှုကြောင့် စစ်ကောင်စီ စစ်သံမှူး ဗိုလ်မှူးချုပ်အောင်ကျော်မိုးနှင့်စစ်သား ၄ ဦး နှင်ထုတ်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ဂျာမနီရောက် မြန်မာများနှင့် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများ၏ ဆန္ဒပြမှု များနှင့် ကြိုးပမ်းမှုများကြောင့် စစ်ကောင်စီ စစ်သံမှူး ဗိုလ်မှူးချုပ် အောင် ကျော်မိုးကို အိမ်ရှင်ဂျာမန်အစိုးရက ဖေဖော်ဝါရီလ ၂၄ ရက်နေ့က နှင်ထုတ် လိုက် ကြောင်း ဂျာမန်ရောက် မြန်မာများထံမှ သိရှိရသည်။ မြန်မာ့ဒီမိုကရေစီရေးအတွက်...

စစ်အာဏာရှင် ချေမှုန်းရေး ကလေးမြို့တွင် ၃၈၃ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၅ အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ တော်လှန်ကျောင်းသားပြည်သူများသည် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် ၃၈၃ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် လှည့်လည်ဆန္ဒပြကြသည်။

ရွှေဘို နှမစားရစ်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီး PDF တပ်ဖွဲ့ဝင် ၁၅ဦးကျဆုံးကာ ကျေးရွာနေ ပြည်သူများပါ သတ်ဖြတ်ခံရပြီး ရွာလုံးကျွတ် နီးပါး ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် နှမစားရစ်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၅နာရီခန့် ကျေးရွာအတွင်း လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်ကာ ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး PDF တပ်ဖွဲ့ဝင် ၁၅ဦးကျဆုံးကာ ကျေးရွာနေ...

“အကြမ်းဖက်အကျဥ်းတံခါးဝ ရိုက်ဖျက်ကြ” ကြွေးကြော်သံနှင့် ထားဝယ်တွင် ဆန္ဒပြချီတက်(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိလူငယ်များက "အကြမ်းဖက်အကျဥ်းတံခါးဝ ရိုက်ဖျက်ကြ" ကြွေးကြော်သံနှင့် အကြမ်းဖက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခြင်းကို ဖေဖော်ဝါရီလ ၂၅ရက်၊ နေ့လယ်ပိုင်းတွင် ပြုလုပ်ခဲ့သည်။ https://youtu.be/NzWfNewVMLk

မင်းအောင်လှိုင်ဦးဆောင်သော စစ်ကောင်စီကို BIMSTEC ထိပ်သီးညီလာခံသို့ ဖိတ်ကြားခြင်းမပြုရန် သံရုံးများသို့ တောင်းဆိုစာများ ပေးပို့

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၅ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီကို လာမည့် မတ်လ ၃၀ ရက်တွင် ပြုလုပ်မည့် BIMSTEC ထိပ်သီးညီလာခံသို့ ဖိတ်ကြားခြင်းမပြုရန် အဖွဲ့ဝင်နိုင်ငံများ၏ အိန္ဒိယအခြေစိုက် သံရုံးများသို့ India for Myanmar အဖွဲ့သားများက အိတ်ဖွင့်ပေးစာများ ပေးပို့ခဲ့ကြသည်။လာမည့်...

ပခုက္ကူမြို့ စည်ပင်သာယာရုံး ဝင်ရောက် ပစ်ခတ်ခံရပြီး ဗုံးခွဲ တိုက်ခိုက်ခံရ(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ မကွေးတိုင်း ပခုက္ကူမြို့ စည်ပင်သာယာရေးရုံးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၁နာရီ ၃ဝမိနစ်ခန့်တွင် Earthquake people’s defence force (UG) တပ်ဖွဲ့မှ အမျိုးသမီး ဦးဆောင်သည့် အဖွဲ့က ဝင်ရောက် ပစ်ခတ်ခဲ့ပြီး ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း...

ရန်ကုန်တွင် “သင်ကိုယ်တိုင်ပါဝင်ပါက ဤတော်လှန်ရေး မုချအောင်မြင်မည်” ကြွေးကြော်သံဖြင့် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ(ရုပ်/သံ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၅ ရန်ကုန်မြို့ တစ်နေရာတွင် တော်လှန် လူငယ်များ စုပေါင်း၍ “သင်ကိုယ်တိုင်ပါဝင်ပါက ဤတော်လှန်ရေး မုချအောင်မြင်မည်” ကြွေးကြော်သံဖြင့် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခြင်းကို ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ https://youtu.be/Ajak9Eobrpc

“အကြမ်းဖက်အကျဥ်းတံခါးဝ ရိုက်ဖျက်ကြ” ကြွေးကြော်သံနှင့် ထားဝယ်တွင် ဆန္ဒပြချီတက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိလူငယ်များက "အကြမ်းဖက်အကျဥ်းတံခါးဝ ရိုက်ဖျက်ကြ" ကြွေးကြော်သံနှင့် အကြမ်းဖက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခြင်းကို ဖေဖော်ဝါရီလ ၂၅ရက်၊ နေ့လယ်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

Latest news

- Advertisement -spot_img