26 C
Yangon

ကရင်နီပြည်နယ်တွင် ၈ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၂၅ ဦး ထက်မနည်းသေဆုံး၊ ကရင်နီတပ်ဖွဲ့မှ ၆ ဦးကျဆုံး

Must read

ရန်ကုန်၊ မတ် ၁၇

အကြမ်းဖက်စစ်ကောင်စီတပ်သည် ကရင်နီပြည်နယ်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ဆက်လက်ရှိနေပြီး မတ်လ ၉ ရက်မှ ၁၆ ရက်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၂၅ ဦး ထက်မနည်းသေဆုံးကြောင်း၊ ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ ၆ ဦး ကျဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ယနေ့ သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် မိုးဗြဲ-ဒီးမော့ဆိုလမ်းရှိ ပူးဖာကျေးရွာ၊ ကုန်းသာနှင့် ဒေါငံခါးရပ်ကွက်များမှတဆင့် လွိုင်ကော်-ဒီးမော့ဆို-တောင်ငူလမ်းအတိုင်း ဆက်လက်ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။

မတ်လ ၉ ရက်နေ့တွင် ပူးဖာကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး အထိနာသော စစ်ကောင်စီတပ်သည် ပူးဖာကျေးရွာနှင့် သေးဆူလဲ ကျေးရွာရှိ နေအိမ် ၁၀ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။

မတ်လ ၉ ရက်၊ ၁၁ ရက်၊ ၁၄ ရက် နံနက်တွင် ရှမ်း-ကရင်နီအစပ် လွိုင်ကော်မြို့နယ်၊ လင်ဖုံလေးကျေးရွာနှင့် ထီထရိကျေးရွာတွင် တပ်စွဲသော စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် KA၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၇ ဦး သေဆုံးခဲ့သည်ဟု KNDF က ဆိုသည်။

မတ်လ ၁၀ ရက်နံနက်တွင် မိုးဗြဲ၊ ဝါရီဆူးဖလိုင်ကျေးရွာတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ကရင်နီတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီကား ၁ စီး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ကရင်နီပြည်နယ်တွင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားနေပြီး ဖရူဆိုမြို့နယ်၊ မာခရော့ရှေးကျေးရွာအနီးရှိ စစ်ကောင်စီခြေကုပ်စခန်း ၁ ခုကို KNDF နှင့် KA တို့က ဝင်ရောက်တိုက်ခိကု်ရာ စစ်သား ၂ ဦး သေဆုံးခဲ့သေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ်၊ ခေါက်ပလော့၊ ဦးခူးရီကျေးရွာများရှိ စာသင်ကျောင်းများ၊ ဘုရားကျောင်းများတွင် တပ်စွဲကာ အနီးဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်နေကြောင်း KNDF က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article