35 C
Yangon

ကြီးကျယ်ခမ်းနားသော ကိုးကန့်တိုင်းရင်းသားခေါင်းဆောင် ဦးဖုန်ကြားရှင်၏ ဈာပန NUG ဒုဝန်ကြီး ၂ ပါး တက်ရောက်

Must read

ရန်ကုန်၊ မတ် ၃၁

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) တည် ထောင်သူ ဥက္ကဌဟောင်း ဦးဖုန်ကြားရှင် ၏ ဈာပနအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ ဒုဝန်ကြီး ၂ ပါး တက်ရောက်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ကွယ်လွန်ခဲ့သော ဦးဖုန်ကြားရှင်၏ ဈာပနအခမ်းအနားကို မတ် ၂၉ ရက်နေ ၃၁ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီ ရုပ်အလောင်းကို ၃၁ ရက်နေ့တွင် မိုင်းလားမြို့တွင် ဂူသွင်းသင်္ဂြိုလ်သည်။

မိုင်းလားမြို့ ငြိမ်းချမ်းရေး ရင်ပြင်တွင် ပြုလုပ်ခဲ့သည့် ဈာပနအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကိုယ်စားလှယ်အဖွဲ့စေလွှတ်ခဲ့ပြီး ကိုယ်စားလှယ်အဖွဲ့ကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဘီထူး၊ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချစ်ထွန်းတို့ ဦးဆောင်ကြသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA) တည် ထောင် သူ၊ ဥက္ကဌဟောင်းဖြစ်သူ ဖုန်ကြားရှင် လူကြီးရောဂါနှင့်ကွယ်လွန်ခဲ့ခြင်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော် လှန်ရေးအင်အားစုများနှင့်ထပ်တူ ဝမ်းနည်းပူဆွေးရကြောင်း ထုတ်ပြန်သည်။

နှစ်ပေါင်းများစွာကြာ မိမိယုံကြည်ရာ တော် လှန်ရေးခရီးလမ်းကို လျှောက်လှမ်းခဲ့သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မ တော်(MNDAA) တည်ထောင်သူ၊ ဥက္ကဌ ဟောင်း ဖြစ်သူ ဦးဖုန်ကြားရှင် ကောင်းမွန်စွာအနားယူနိုင်ပါစေကြောင်း NUG က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article