37 C
Yangon

ဒီပဲယင်းနှင့်ချောင်းဦးတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံး၊ PDF ပူးပေါင်းတပ်များက ဒီပဲယင်းမြို့ပေါ် စိုင်ပြင်ရဲစခန်းကို လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၁၇ 

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်များနှင့် PDF များအကြားတိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၉ ဦး သေဆုံးကြောင်း PDF Galon တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ 

မတ်လ ၁၂ ရက်နေ့ နံနက် ၇ နာရီအချိန် ဒီပဲယင်းမြို့နယ်အတွင်း လှည့်လည် ထိုးစစ်ဆင်ကာ ပြည်သူများ၏ အိုးအိမ်စည်းစိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိသော စစ်ကောင်စီတပ်သားများကို တာတိုင်ရရွာနှင့် သရက်တောရွာအကြား PDF က မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၅ ဦး သေဆုံးနိုင်ကြောင်း သိရှိရသည်။ 

အလားတူ မတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန် ဒီပဲယင်း စိုင်ပြင် မီးသတ်ရုံးအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးနိုင်ကြောင်း သိရှိရသည်။ 

မတ်လ ၁၅ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် ဒီပဲယင်း စိုင်ပြင်င်္ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အထိအခိုက်သေဆုံးမှုရှိနိုင်ကြောင်း၊ တိုက်ခိုက်မှုများကို ရွှေဘိုခရိုင် ပြ်ညသူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ထို့ပြင် မတ်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကိုင်းတိုင်း၊‌ ချောင်းဦးမြို့နယ်ရှိ ကင်မွန်းတော်ကျေးရွာမှ ပျူစောထီးနှင့်စစ်သား ၃၀ ခန့် ရွာပြင်သို့ ထွက်လာစဉ် ချောင်းဦး PDF တပ်ခွဲ ၁ အဖွဲ့နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ၂ ဦး သေဆုံးပြီး ကင်မွန်းတော်ကျေးရွာအတွင်းသို့ ပျူစောထီးနှင့်စစ်သားများ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- ဒီပဲယင်းမြို့နယ်၊ စိုင်းပြင်ရဲစခန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article