30 C
Yangon

နေပြည်တော်၊ ထန်းတောကြီးရွာအုပ်ချုပ်ရေးမှူးအိမ်တွင် တပ်စွဲထားသော စစ်တပ် ဗုံးခွဲတိုက်ခိုက်ခံရ ၊ ရန်ကုန် ကော့မှူးရဲစခန်းနှင့်ဆိပ်ကြီးခနောင်တို့တွင် စစ်ကောင်စီတပ်များ ပစ်ခတ်ခံရ ၊ မန္တလေးတွင် လောင်းကစား၀ိုင်းကို ဗုံးခွဲ

Must read

ရန်ကုန်၊ မတ် ၃၁

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ထန်းတောကြီးကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ ဗုံးခွဲ တိုက်ခိုက်ခံရပြီး ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှသိရှိရသည်။

ယနေ့ မတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် နေပြည်တော် တပ်ကုန်းမြို့နယ် စစ်ကောင်စီခန့် ထန်းတောကြီးရွာ အုပ်ချုပ်ရေးမှူး တိုင်းချစ်အိမ်အနီးတွင် ဗုံးဖောက်ခွဲခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ်များ ရောက်ရှိစစ်ဆေးစဉ် ထပ်မံ ဗုံးပေါက်ကွဲပြီး စစ်သား ၁ ဦးနှင့် အုပ်ချုပ်ရေးမှူးတိုင်းချစ် ထိခိုက်ဒဏ်ရာရရှိပြီး ကားဖြင့် ဆေးရုံပို့ ဆောင်လိုက်ရကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို တပ်ကုန်းနင်ဂျာလူငယ်ပျောက်ကြားတပ်ဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“တပ်ကုန်းမြို့ ထန်းတောကြီးကျေးရွာမှာ မနက်က ပေါက်ကွဲမှုဖြစ်ပြီး လက်ရှိကြားသိရသလောက် ခွေးတကောင် ထိလို့ စစ်ဆေးရုံပို့ရပါတယ်။ ထန်းတောကြီး အုပ်ချုပ်ရေးမှူးလည်း ထိခိုက်လို့ နေပြည်တော်ကုတင် ၁၀၀၀ ကိုပို့ရပါတယ်။ စိုးရိမ်ရတဲ့အခြေအနေလို့ ပြောပါတယ်” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ် ရဲစခန်းကို ယမန်နေ့ညနေပိုင်းတွင် ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း၊ ပေါက်ကွဲသံကျယ်လောင်ပြီး ရဲစခန်းအနီးနေသူအများစု ကြားရကြောင်း၊ ယင်းနောက် ပိတ်ဆို့ စစ်ဆေးမှုများ ဆောင်ရွက်ပြီး လူနာတင်ကားတချို့ ရဲစခန်းအတွင်း ဝင်ရောက်သွားသည်ကို မြင်တွေ့ရကြောင်း ဒေသခံသတင်းရင်းမြစ် Kawhmu News Agency၏ ဖော်ပြချက် နှင့်ဒေသခံများ၏ ပြောဆိုချက်များအရ သိရှိရသည်။

ထို့ပြင် ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ၊မတ်လ ၃၀ရက် ည ၉နာရီ ၄၅မိနစ်အချိန် စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံရသူ ၏ နေအိမ်ရှေ့တွင် မိုင်းပေါက်ကွဲခဲ့ကြောင်း၊ ယင်းနောက် ည ၁၀နာရီ ၁၀မိနစ်အချိန် စစ်ကောင်စီတပ်များ ရောက်ရှိစစ်ဆေးစဉ် မိုင်းတစ်လုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

“မနေ့ည ၁၀ နာရီ ကျော်ကျော်လောက်မှာ ညဘက်ကြီး သေနတ်ပစ်သံတွေကြားရတယ်။ မိုင်းပေါက်လို့ ရမ်းသမ်းပစ်တာပြောတယ်။ စစ်သားတွေ ထိတယ်လို့တော့ကြားတယ်” ဟု ဆိပ်ကြီးခနောင်တိုမြို့နယ်မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

အလားတူ မတ်လ ၃၀ ရက်နေ့ မန္တလေးမြို့ ၅၈ လမ်းနှင့် ၁၀၉ လမ်းထောင့်ရှိ စစ်တပ်ကို ငွေပေး၍ ပြုလုပ်နေသော လောင်းကစားဝိုင်းတစ်ခုကို သတိပေးဖောက်ခွဲခဲ့ကြောင်း Truth Keeping Force – Amarapura အဖွဲ့က သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article