33 C
Yangon

မင်းတပ်မှ ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို လာကြိုသည့် စစ်ကောင်စီတပ်ဖွဲ့ကို CDF မတူပီ ပိတ်ဆို့တိုက်ခိုက်၊ စစ်သား ၁၄ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၃၁

ချင်းပြည်နယ်၊ မင်းတပ်မှ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို လာရောက်ကြိုဆိုသည့် မတူပီမြို့မှ စစ်ကောင်စီတပ်ဖွဲ့ကို CDF မတူပီက ယနေ့ မတ်လ ၃၁ ရက် နံနက်တွင် နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၄ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း သတင်းရရှိသည်။

“အင်အား ၈၀ လောက်နဲ့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ထွက်လာတာ၊ CDF မတူပီနဲ့ ထိတွေ့မှုဖြစ်တယ်။ ကျနော်တို့ ထောင်ထားတဲ့မိုင်းတွေ နင်းမိပြီး ၁၁ ဦးလောက် သေတယ်၊ အများအပြားဒဏ်ရာရတယ်။ ၇ နာရီ ၄၀ မိနစ်လောက်မှ သူတို့ ပြန်ဆုတ်သွားတယ်၊ ၉ နာရီ ၁၀ မိနစ်လောက်မှာ နောက်တခေါက် အင်အားဖြည့်ပြီး ထိုးစစ်ဆင်လာတယ်၊ အဲဒီမှာ ကျနော်တို့ ပစ်ခတ်ခုခံတော့ သူတို့ဘက်က ၃ယောက်လောက်သေတယ်။ ၉ နာရီ ၅၀ လောက်မှာ ချန်ပြန်းရွာသစ်ဘက်ကို ပြန်ဆုတ်သွားတယ်။ မြို့ပေါ်က ပြည်သူပိုင် ကျောက်သယ်ကားတွေကို သုံးပြီး အင်အားဖြည့်တင်းနေတယ်” ဟု CDF မတူပီ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့သည် အင်အား ၁၅၀ ခန့်ရှိနိုင်ပြီး ချန်ပြန်းရွာသစ်တွင် ရှိနေကြောင်း အဆိုပါအဖွဲ့ကို ယမန်နေ့တွင်လည်း CDF မတူပီက တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်၏ ၈၄ စီးပါ စစ်ယာဉ်တန်းသည် ကျောက်ထုမှတဆင့် မင်းတပ်တွင် တထောက်နားပြီး မတူပီရှိ စစ်ကောင်စီဗျူဟာသို့ စစ်လက်နက်ရိက္ခာပို့ဆောင်ရန် မင်းတပ်မြို့မှ မတ်လ ၂၄ ရက်တွင် ထွက်ခွာလာခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်းကို CDF – မင်းတပ်ကလည်း ကြားဖြတ်တိုက်ခိုက်နေပြီး မတ်လ ၂၉ ရက် တိုက်ပွဲတွင် စစ်သား ၂၉ ဦး သေဆုံးကြောင်း CDF – မင်းတပ်ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article