28 C
Yangon

ယုဇနပလာဇာတွင် အသက်မပြည့်သူ မိန်းကလေးငယ်တစ်ဦး အပါအဝင် ဆန္ဒပြလူငယ် ၄ ဦး ဖမ်းဆီးခံရ ၊ ပုဇွန်တောင်တွင်လည်း အမျိုးသမီး ၁ ဦး အဖမ်းခံရ 

Must read

ရန်ကုန်၊ မတ် ၁၇

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ယုဇနပလာဇာအနီးတွင် အသက်မပြည့်သေးသူ မိန်းကလေးငယ် တစ်ဦး အပါအဝင် ဆန္ဒပြလူငယ် ၄ ဦး ယမန်နေ့ နံနက်ပိုင်း အဖမ်းခံရကြောင်း သပိတ်အင်အားစုတချို့ထံမှ သိရှိရသည်။ 

“ဆန္ဒပြဖို့ လုပ်နေတုန်း အဖမ်းခံရတယ်။   Yuzana ပလာဇာမှာ Fit ကားထဲက  ကောင်လေး ၃ ယောက်၊ ကောင်မလေး ၁ ယောက်ထွက်လာပြီး Spring Revolution စာတန်းဖြန့်ခင်းနေရုံရှိသေးပါသေးတယ်။ စစ်ကားတစ်စီးနဲ့ အရပ်ဝတ်တွေက ဝင်ဖမ်းတယ်။ ၄ ဦး အဖမ်းခံလိုက်ရတယ်” ဟု သပိတ်လူငယ်တစ်ဦးက ပြောသည်။ 

အလားတူ မတ်လ ၁၅ ရက်နေ့ ၊ ည ၈ နာရီခွဲအချိန်  ရန်ကုန်တိုင်း ၊ ပုဇွန်တောင်မြို့နယ်၊ ၁၀ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ တိုက်ခန်းတစ်ခုမှ အမျိုးသမီးတစ်ဦးကို စစ်တပ်က အကြမ်းဖက်ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါ ဖမ်းဆီးခံရသော အမျိုးသမီးမှာ မည်သည့် လှုပ်ရှားမှုနှင့်မပတ်သက်ဘဲ စစ်သားများက မသင်္ကာ၍ ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ယခုအချိန်အထိ ပြန်လည် လွတ်မြောက်မှု မရှိသေးကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နှစ် ယုဇနပလာဇာအနီးကင်းလှည့်နေသော အကြမ်းဖက် စစ်ကားများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article