29 C
Yangon

ကျွန်းလှ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၂ဝ ဦးထက်မနည်း သေဆုံးပြီး၊ စစ်တပ်က ပြည်သူ ၂ဦးကို သတ်ဖြတ်ကာ အမျိုးသမီး ၄ဦးကို ဖမ်းဆီးသွား၊ ခင်ဦး ဒန်းကုန်းရွာကိုလည်း စစ်တပ်က ရွာလုံးကျွတ် နီးပါး မီးရှို့နေ

Must read

ရန်ကုန်၊ မတ် ၅

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ဝေသော်ရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားကာ စစ်သား ၂ဝဦးထက်မနည်း သေဆုံးပြီး စစ်တပ်က ဝေလမူရွာသား မောင်ကျော်ထက်နှင့် မောင်လွှမ်းဖြိုးတို့ကို သတ်ဖြတ်ကာ အမျိုးသမီး ၄ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် ဌာနသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် မတ်လ ၁ရက်နေ့တွင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် အနောက်ခြမ်းရှိ ဝေလမူရွာကို MI 35 ရဟတ်ယာဉ် ၂စီးဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် လူတင်ရဟတ်ယာဉ် ၃စီးဖြင့် လူချကာ ကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ကျေးရွာကို ဝင်ရောက် စီးနင်းပြီးနောက် ပြည်သူ နေအိမ် ၃ လုံးနှင့် ထွန်စက် ၂ စီး၊ ကားအကြီး ၂ စီး နှင့် အိမ်စီးကား ၁စီးတို့ကို မီးရှို့ဖျက်ဆီးကာ ကျေးရွာအတွင်းရှိ CDM ကျန်းမာရေး ဝန်ထမ်း အမျိုးသမီး ၃ဦး၊ ကျေးရွာနေ အမျိုးသမီး ၁ဦးနှင့် ဝေလမူရွာသား မောင်ကျော်ထက်နဲ့ မောင်လွှမ်းဖြိုးတို့ကို ဖမ်းဆီးသွားကာ ယနေ့ မတ်လ ၅ရက်နေ့တွင် စစ်တပ် သတ်ဖြတ်ထားသော မောင်ကျော်ထက်နှင့် မောင်လွှမ်းဖြိုးတို့ကို အလောင်းများသာ ပြန်လည်ရရှိခဲ့ပြီး အမျိုးသမီး ၄ဦးပျောက်ဆုံးနေကြောင်း သိရသည်။

” မတ်လ ၄ရက်နေ့မှာ ဝေလမူရွာက CDM ကျန်းမာရေးဝန်ထမ်း အမျိုးသမီး ၃ ဦးနဲ့ အရပ်သား အမျိုးသမီး ၁ ဦး အရပ်သား အမျိုးသား ၂ဦး အားလုံးပေါင်း ၆ဦးကို လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားတယ်။ အဲလိုခေါ်သွားပြီးတဲ့နောက် မွန်းလွဲ ၁၂နာရီလောက် တိုက်ပွဲဖြစ်တယ်။ စစ်သား ၂ဝလောက်သေတယ်။ ဒီနေ့ မတ်လ ၅ရက်နေ့မှာ စစ်သားတွေ ဖမ်းသွားတဲ့ သူတွေကိုလိုက်ရှာရင်းနဲ့ စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ထားတဲ့ မောင်ကျော်ထက်နဲ့ မောင်လွှမ်းဖြိုး ရုပ်အလောင်းတွေပဲ ပြန်တွေ့ရတယ်။ အမျိုးသမီး ၄ဦးကပျောက်ဆုံးနေတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ပြည်သူ ၆ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ဝေသော်ရွာအနီးတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်သား ၂ဝဦးထက်မနည်းသေဆုံးခဲ့ပြီး မတ်လ ၅ရက်နေ့တွင် စစ်တပ်က ပစ်သတ် ထားသော ဝေလမူရွာသား မောင်ကျော်ထက်နှင့် မောင်လွှမ်းဖြိုးတို့ ရုပ်အလောင်းကို ဒေသခံပြည်သူများက ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ခင်ဦးမြိုနယ် ဒန်းကုန်းကျေးရွာကို အကြမ်းဖက် စစ်ကော်စီ တပ်ဖွဲ့များက ယနေ့ မတ်လ ၅ရက်နေ့ မွန်းလွဲ ၂နာရီ ၄၅မိနစ်ခန့်က ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးနေကော ၅နှစ်အရွယ် ကလေးငယ် ၁ဦး လက်နက်ကြီးကျည် ထိမှန်ထားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးနေရပြီး မီးငြိမ်းသတ်မည့် သူမရှိသောကြောင့် ရွာလုံးကျွတ် မီးလောင်ပြာကျ နိုင်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article