ရန်ကုန်၊ မတ် ၉
မကွေးတိုင်း၊ ရေစကြိုမြို့၊ ဖောင်တောင်ဦးရပ်၊ ဖောင်တော်ဦးဘုရားတွင် ကင်းပုန်းဝပ်နေသော စစ်သားများက ယမန်နေ့ မတ်လ ၈ ရက်နေ့ ည ၉ နာရီခွဲ အချိန်တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးနှင့် ကြံ့ဖွတ်ပါတီဝင် ၁ ဦးကို ပစ်သတ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
မတ်လ ၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်အချိန် ရေစကြိုမြို့ ဖောင်တော်ဦးရပ်၊ ဖောင်တော်ဦးဘုရားတွင်ကင်းပုန်းဝပ်နေသော စစ်တပ်က မသင်္ကာသူ ၂ ဦးတွေ့ရှိသည်ဆိုကာ လိုက်လံပစ်ခတ်ကြောင်း၊ ပစ်ခတ်ခံရသူများမှာ ရဲတပ်သား ဂျော်ကာတိုး အသက် ၂၅ နှစ် (ဘ) ဦးတိုး၊ ကြံ့ဖွတ်ပါတီဝင် ဝင်းမြင့် အသက် ၆၂ နှစ် (ဘ) ဦးကျော်စိန်တို့ ဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကြံ့ဖွတ်ပါတီဝင် ဝင်းမြင့်မှာ ဆီးခုံထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ရဲတပ်သား ဂျော်ကာတိုးမှ ဆေးရုံရောက်ရှိစဉ် သေဆုံးသွားကြောင်း ၊ ရဲတပ်သားဂျော်ကာတိုး ပစ်သတ်ခံရမှုအတွက် မိသားစုက မကျေနပ်၍ ရဲစခန်းတွင် အမှုဖွင့်သော်လည်း အမှုဖွင့်လှစ်ခွင့်မပေးကြောင်း သိရှိရသည်။
“သေဆုံးသွားတဲ့ ရဲတပ်သား ဂျော်ကာတိုးက ကျနော် ရဲတပ်ဖွဲ့ဝင်ပါ။ ရဲတပ်သားပါ ပြောတာကို ပစ်သတ်တာ။ PDF အထင်နဲ့ မသင်္ကာဖြစ်ပြီး ပစ်သတ်ခံရတာ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဓာတ်ပုံ- စစ်တပ်က ပစ်သတ်လိုက်၍ သေဆုံးသွားသော ရဲတပ်သား ဂျော်ကာတိုး။