25 C
Yangon

စစ်ဘေးရှောင်များပါ ခိုလှုံနေသည့် စစ်တွေသုသာန်အနီးရှိ နေအိမ်များကို စစ်တပ်က အင်အားသုံး ဝင်ဖျက် ၊ လူ ၈၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်

Must read

ရန်ကုန်၊ မတ် ၁၀

ရခိုင်ပြည်နယ် စစ်တွေ သုသာန်အနီးရှိ နေအိမ်များကို အကြမ်းဖက် စစ်ကောင်စီဝင် စစ်သား၊ ရဲနှင့် စည်ပင်များ ပူးပေါင်းကာ ယနေ့ မတ် ၁၀ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ဝင်ရောက်ဖျက်ဆီးနေကြောင်း၊ အဆိုပါ နေအိမ်များတွင် စစ်ဘေးရှောင်များပါ ဝင်ရောက်ခိုလှုံနေခြင်းဖြစ်ကြောင်း နေအိမ်ဖျက်ဆီးခံရသူများထံမှ သိရသည်။

“ကြိုပြီး အကြောင်းကြားတာ ဘာမှ မရှိဘူး။ လွန်ခဲ့တဲ့ ၂ လတော့ စာရင်းကောက်တာရှိတယ် ။ ဒါပေမဲ့ ဖျက်မယ်လို့ မပြောထားဘူး။ ဝင်တားတဲ့ လူတွေလည်း ဖမ်းခံရတယ်။ ကျွန်တော့်တောင် လိုက်ဖမ်းလို့ ပြေးလာရတယ်” ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောကြားသည်။

ဖမ်းဆီးခံရသူ ၂ ဦးမက ရှိနေပြီး နေအိမ် ဖျက်ဆီးခံရသူများတွင် စစ်ဘေးရှောင်များပါ ပါဝင်နေကြောင်း ၊ လူဦးရေပေါင်း ၈၀၀ ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားပြီး ဒုက္ခရောက်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article