31 C
Yangon

ဝေါမြို့နယ်တွင် ဒုရဲအုပ် ၁ ဦး၊ မိုးမောက်တွင် ရဲတပ်သား ၁ ဦး ပစ်သတ်ခံရ ၊ ကံထူးမရဲစခန်းတွင် ရဲများ ကိုယ့်မိုင်းကိုယ်နင်းမိပြီး ထိခိုက်သေဆုံးမှုများရှိ

Must read

ရန်ကုန်၊ မတ် ၁၀

ပဲခူးတိုင်း၊ ဝေါမြို့နယ်တွင် ဒုရဲအုပ် ၁ ဦး ယမန်နေ့ည ၇ နာရီ ၃၀ မိနစ်အချိန်က ပစ်သတ်ခံရကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

မတ်လ ၁၀ ရက်နေ့ ည ၇း၃၀ ခန့်အချိန် ပဲခူးတိုင်း ဝေါမြို့နယ်၊ရဲစခန်းရှေ့၊ထမင်းကြော်ဆိုင်၌ ဒုရဲအုပ်တစ်ဦးကို ပစ္စတိုဖြင့် ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း၊ ဝေါ ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

အလားတူမတ်လ ၇ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် ကချင်ပြည်နယ်၊ မိုးမောက်နယ်မြေ အတွင်း ဆိုင်ကယ် ၃ စီးဖြင့် ရဲ ၅ ဦး တို့သည် ဗန်းမော်- မိုးမောက်ကားလမ်း တွင် သွားလာနေစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ရဲတပ်သား ကျော်ဇေယျ မှာ သေဆုံးသွားခဲ့ကြောင် သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ၊ ကံထူးမရဲစခန်းတွင် ရဲများ ကိုယ့်မိုင်းကိုယ်ပြန်နင်းမိကြောင်း၊ သေဆုံးမှုရှိနိုင်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကံထူးမရဲစခန်းတွင် မတ်လ၉ရက် ညနေ၅နာရီခန့်က ရဲများ သန့်ရှင်းရေးလုပ်နေစဉ် စခန်းနံရံအနီး ကပ်ထောင်ထားသော နင်းမိုင်းကို နင်းမိပြီး ပြင်းထန်စွာ ပေါက်ကွဲသွားကြောင်း ၊အဆိုပါပေါက်ကွဲမှုကြောင့် ရဲတစ်ဦး၏ မေးစေ့၊ လက်၊ ခြေထောက်တို့တွင် ကွဲပြဲဒဏ်ရာများ ရရှိသွားပြီး ဆေးကုနေကြောင်း အတည်ပြုနိုင်ပြီး သေဆုံးမှုလည်းရှိနိုင်ကြောင်း သိရသည်။

ကံထူးမရဲစခန်းကို ဖေဖော်ဝါရီ၉ ရက်နေ့ တန့်ဆည် PDF တပ်ပေါင်းစု စီးနင်းတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုအကျအဆုံးများခဲ့သည့်နောက်ပိုင်း စခန်းတွင် အင်အားဖြည့်တင်းကာ စခန်းပတ်လည် စည်းရိုး၂ထပ်ကာ၍ နင်းမိုင်းများ ထပ်မံမြှုပ်ထားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ၂၀၁၉ ခုနှစ်အတွင်းတွေ့ရသည့် အကြမ်းဖက်ရဲများ။

ရိုက်တာ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article