30 C
Yangon

ပုလဲ နှောရိုးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ချိန်းထားကာ ညအချိန် ဝင်ရောက် စီးနင်း မီးရှို့နေ

Must read

ရန်ကုန်၊ မတ် ၁၀

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် နှောရိုးကျေးရွာကို ယနေ့ မတ်လ ၁ဝရက်နေ့ ည ၇နာရီ ၄၅ မိနစ်ခန့်တွင်အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက အရပ်လေး မျက်နှာလုံး လက်နက်ကြီးများဖြင့် ချိန်ထားကာ ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဇီးဖြူကုန်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီး အဖွဲ့များဖြစ်ပြီး ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

” စစ်တပ်က ရွာရဲ့ လေးဖက် လေးလံလုံးကို လက်နက်ကြီးတွေနဲ့ ချိန်းပြီး ဝင်စီးတာ အခုရွာထဲမှာ မီးရှို့ဖျက်ဆီးနေတယ်။ ဒေသခံပြည်သူတွေလည်း ဘေးလွတ်ရာ အကုန်ပြေးနေရပြီ” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

Photo – အလောင်းတော်ကဿပ နယ်မြေသတင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article