30 C
Yangon

ယင်းမာပင်တွင် စစ်ကောင်စီတပ်ဖွဲ့ ပဒေသာမိုင်း ၁၂ လုံး ဖောက်ခွဲတိုက်ခိုက်ခံရပြီး ၃၂ ဦး သေဆုံးဟုဆို

Must read

ရန်ကုန်၊ မတ် ၁၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်နုံးရွာဘက်သို့ စစ်ကြောင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို ကျွဲကျရွာအနီးတွင် ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ယနေ့ မတ်လ ၁၁ ရက် နံနက် ၈ နာရီ ၄၆ မိနစ်၌ ပဒေသာမိုင်း ၁၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်သား ၃၂ ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ချင်းတွင်းရိုးမတပ်ပေါင်းစုမှ ဗိုလ်သူရိန် တပ်ရင်း၏ ပဒေသာမိုင်းကွင်းအတွင်းသို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ပြီး စစ်သား ၃၂ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း ချင်းတွင်းရိုးမတပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ယင်းမာပင်၊ လက်ပံတောကျေးရွာရှိ ပြည်သူ ၁၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့သည့် အဖွဲ့ဖြစ်ပြီး ၁၀ ရက်နေ့တွင် အိုးဘိုကျေးရွာ၌ ညအိပ်တပ်စွဲခဲ့ကြောင်း ချင်းတွင်းရိုးမ တပ်ပေါင်းစုက ဆိုသည်။

ဓါတ်ပုံ – ချင်းတွင်းရိုးမ တပ်ပေါင်းစု၏ သင်တန်းဆင်းပွဲ ၁ ခု ဖြစ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article