ရန်ကုန်၊ မတ် ၁၁
ရန်ကုန်၊ သုဝဏ္ဏမြို့နယ်၊ စုပေါင်းကားမှတ်တိုင်ရှိ စစ်ကောင်စီလက်အောက်ခံ ကမ္ဘောဇဘဏ်၏ ငွေထုတ်စက် ATM ကို ယနေ့မတ်လ ၁၁ ရက် နံနက် ၄ နာရီခွဲတွင် Special Task Agency of Burma (STA) အဖွဲ့က မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။
ကမ္ဘောဇဘဏ်သည် အကြမ်းဖက်စစ်ကောင်စီထံ သုံးစွဲသူအချက်အလက်များကို အကြမ်းဖက်စစ်ကောင်စီထံ ထောက်ပံ့ပေးနေသောကြောင့် ယခုလို မီးရှို့တိုက်ခိုက်ခြင်းဖြစ်ကြောင်း STA က သတင်းထုတ်ပြန်သည်။
Special Task Agency of Burm အဖွဲ့သည် စစ်ကောင်စီတပ်ဖွဲ့များ၊ လက် ပါးစေများ၊ ထောက်တိုင်များကို ရှင်းလင်းဖျက်ဆီးသွားမည်ဖြစ်ကြောင်းနှင့် တိုင်း ပြည်၏ အချုပ်အခြာအာဏာ ပြည်သူ့လက်ထဲ ပြည်ရောက်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။