25 C
Yangon

ကော့ကရိတ်တွင် KNU နှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်နေပြီး လက် နက်ကြီးများဖြင့် စစ်တပ်က ရမ်းသမ်းထုနေ

Must read

ရန်ကုန်၊ မတ် ၁၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KNU ကရင်အမျိုးသားအစည်းအရုံးတို့ တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဒီနေ့ ညနေ ၅ နာရီ ၃၀ မိနစ်လောက်ကစပြီး KNU တပ်မဟာ၆ တပ်ရင်း၆ နယ်မြေ တောင်ကြာအင်းကျေး ရွာမှာ တိုက်ပွဲဖြစ်နေတယ်။ တောင်ကြာအင်း တံတားထိပ်မှာက ရဲစခန်းရှိတယ်။ မြောက်ကြာအင်းထိပ်မှာကသူတို့စစ်ခွေးတွေ ဂိတ်ထိုင်ကြတာ။ ပစ်နေကြတော့ တံတားအခြေနေက ဘယ်သူမှ မသိကြဘူး။ ပြီးတော့ တောင်ကြာအင်းတံတားထိပ်ရဲစခန်းဘေးမှာ စာသင်ကျောင်းရှိတယ်။ အဲဒီစာသင်ကျောင်းဝင်းထဲကနေ လက်နက်ကြီးတွေနဲ့လှမ်းပစ်ကြတော့ တံတားဘက် မသွားရဲကြဘူး” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် မြ၀တီ-ကော့ကရိတ် လမ်းပေါ်မှ တံတားတစ်စင်း မိုင်းခွဲခံရသည်ဟု သတင်းများ ကြားသိထားကြောင်း၊ မြ၀တီ-ကော့ကရိတ်လမ်းတွင် ကားတချို့ သွားလာနေစဲဖြစ်ကြောင်း အခြားဒေသခံတစ်ဦးက ပြောဆိုသည်။

“တံတားတစ်စင်း ကော့ကရိတ်-မြဝတီ-အာရှလမ်းမှာမိုင်းခွဲခံရတယ် ပြောတယ်။ သေချာတော့ မသိရသေးဘူး။ ကားတွေ သွားလာနေတာတော့ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

KNU သတင်းရင်းမြစ်တချို့ကလည်း ကော့ကရိတ်၊ တောင်ကြာအင်းကျေးရွာအနီး တိုက်ပွဲသည် ပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု ပြောဆိုကြသည်။

KNU တပ်မဟာ ၆ က လေးကေ့ကော်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ ၃ ရက်အတွင်း ထွက်ခွာရန် မတ်လ ၇ ရက်နေ့တွင် စစ်ကောင်စီထံသို့ စာပေးပို့ တောင်းဆိုပြီးနောက် စစ်ရေးအခြေအနေ တင်းမာလာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- KNU တပ်ဖွဲ့ဝင်တချို့။

Photo – Agencies

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article