ရန်ကုန်၊ မတ် ၁၁
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် သပြေအေးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ မတ်လ ၁၁ရက်နေ့ ည ၈နာရီခန့်တွင် ဝင်ရောက် စီးနင်းပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ကျေးရွာအတွင်းသို့ သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး လက်နက်ချိန်တွင် ပုလဲမြို့နယ် အတွင်း အကြမ်းဖက် စစ်ကောင်စီက အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်းကြောင့် ဒေသခံပြည်သူများ ထိခိုက် ဒဏ်ရာရမှု အခြေအနေကို အသေးစိတ် မသိရှိရသေးကြောင်း သိရသည်။
” စစ်တပ်က ညအချိန် ရွာကို ဝင်စီးပြီး မီးရှို့နေတယ်။ ရွာသားတွေတော့ ဘေးလွတ်ရာကို ပြေးနေရတယ်။ ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားသော အဆက်အသွယ်တွေ မရတော့ဘူး။ ထိခိုက်သူ ရှိမရှိလည်း မသိရသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။
Photo – Pale Entertainment