30 C
Yangon

ရေတာရှည်တွင် စစ်တပ်အနီး နေထိုင်သည့် နဂျပ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးခေါင်းဆောင်နှစ်ဦး အသတ်ခံရ

Must read

ရန်ကုန်၊ မတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စစ်တပ်အနီးတွင် နေထိုင်သည့် အထက် နဂျပ်ကျေးရွာ အုပ်ချုပ်ရေးမှူး စံလင်းနှင့် ပျူစောထီး ခေါင်းဆောင် နှစ်ဦးဖြစ်သော လှခိုင်နှင့် မင်းမင်း တို့ကို မတ်လ ၁၀ ရက်နေ့ ည ၇ နာရီ ၀န်းကျင်အချိန် အသတ်ခံရကြောင်း သိရှိရသည်။

“အသတ်ခံရသူ အုပ်ကြီးနဲ့ ပျူစောထီး ၂ ဦးက ပြည်သူ့စစ်ဖွဲ့ပြီး ညဆိုရင် တူမီးတကားကားနဲ့ လျှောက်ပစ်နေကြတာ၊ သေသွားတဲ့ အုပ်ကြီးရဲ့ သားတွေကလည်း ရဲတပ်ဖွဲ့ဝင်တွေ၊ အုပ်ကြီးတူကလည်း အုပ်ကြီး အရှိန်နဲ့ ရွာမှာ လောင်း ကစားဝိုင်း ဖွင့်ထားတယ်။ တူတော်သူ မင်းမင်းက စစ်တပ်ကို အရက်ပို့ ထမင်းပို့နဲ့၊ စစ်တပ်ကလည်း တပ်စွဲထားတဲ့ဂူတောင်ရွာကနေ အုပ်ကြီး အိမ်ကို စားအိမ် သောက်အိမ်လိုပဲအမြဲလာတယ်။ အဲ့အုပ်ကြီးနဲ့ တပည့်တွေ သေသာ သေရတာ နဂျပ်ရွာနဲ့ စစ်တပ်အထိုင်ချထားတဲ့ ဂူတောင်နဲ့က တမိုင်သာသာပဲ ရှိတယ်။စစ်တပ်နားမှာနေလည်း ကာကွယ်မှုမရဘဲ အသတ်ခံရလိုက်ရတာပဲ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

စစ်တပ်က မတ်လ ၁၀ ရက်နေ့ ညသန်းခေါင်အချိန်ရောက်မှ ရွာအတွင်း၀င်ကာ အုပ်ချုပ်ရေးမှူးအလောင်းကို လာကောက်ပြီး ရွာအပြင်တွင် အသတ်ခံထားရသော ပျူစောထီး နှစ်လောင်းကိုမူ ယနေ့ နံနက်ပိုင်းတွင် ရင်ခွဲသို့ ပို့ဆောင်ကြောင်း၊ ယနေ့ နေ့လည်ပိုင်းတွင် ရွာသို့ ပြန်သယ်လာပြီး နာရေးကိစ္စ ဆောင် ရွက် ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article