ရန်ကုန်၊ မတ် ၁၂
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ လက်နက် တိုက် တွင် ယနေ့ နံနက်ပိုင်း မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားကြောင်း ဒေသခံများနှင့် ဒေသခံကာကွယ်ရေးတပ်များထံမှ သိရှိရသည်။
မတ်လ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၁၁ မိနစ်အချိန် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ လက်နက်သိုလှောင်ရုံတစ်ရုံကို အဝေးထိန်းဒုံးဖြင့် ၄ ချက်တိတိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မီးလောင်သွားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်တချို့၏ အဆိုအရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက် နက်တိုက်ပေါက်ကွဲမှု မှန်ကန်ကြောင်း အတည်ပြုနိုင်သော်လည်း ပေါက်ကွဲမှု ဖြစ်ပွားရသည့်အကြောင်းအရင်းကိုမူ ဆက်လက် အတည်ပြုနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
လက်ရှိတွင် နမခအတွင်းမှ ရဟတ်ယာဉ် ၂ စင်းဖြင့် ပျံသန်းလျက်ရှိကြောင်း သိရှိရသည်။