27 C
Yangon

တောင်ငူ မိုင်နားကွင်းနားရှိ ဈေးဆိုင်များကို စစ်ကောင်စီ တပ်ဖွဲ့များနှင့် စည်ပင်က စက်ယန္တရားများဖြင့် အင်အားသုံး ဖျက်ဆီး

Must read

ရန်ကုန်၊ မတ် ၁၂

ပဲခူးတိုင်း တောင်ငူမြို့နယ် မိုင်နာကွင်းထောင့်ရှိ ဈေးဆိုင်များကို ယနေ့ မတ်လ ၁၂ရက်နေ့ မွန်းလွဲ ၂နာရီခန့်၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် စည်ပင်က စက်ယန္တရားများ အသုံးပြုကာ အင်အားသုံး ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာသို့ ပြောဆိုသည်။

အဆိုပါ ဈေးဆိုင်များသည် တောင်ငူမြို့နယ် စည်ပင်သာယာရုံးကို အခွန်ငွေ ပေးကာ ဖွင့်လှစ်ထားသော ဈေးဆိုင်များဖြစ်ပြီး ဈေးဆိုင်တစ်ဆိုင်လျှင် စည်ပင်က စိတ်ကြိုက် ပိုက်ဆံကောက်ခံပြီး မည်မျှပေးဆောင်ရမည်ဟု သတ်မှတ် ထားခြင်းမရှိဘဲ ဆိုင်ရှင်များက နေ့စဉ်ပေးဆောင် နေရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဈေးဆိုင်များကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် စည်ပင်က ဖျက်ဆီးပြီးနောက် ပျက်စီးသွားသည့် ပစ္စည်းများကိုပါ စည်ပင်က ယူဆောင် သွားပြီး ဆိုင်ရှင်များကို ပြန်လည် ပေးဆောင်ခြင်းမရှိကြောင်း သိရသည်။

” ဒီနေ့ နေ့လည် ၂နာရီ ဝန်းကျင်လောက်ကစပြီး မိုင်နာကွင်းနားထောင့်က ဈေးဆိုင်တွေ အကုန်စဖျက်နေပါတယ်။ ဘူဒိုဇာတွေနဲ့ ဆိုင်တွေအကုန်လုံး ဆီကလည်း လွန်ခဲ့တဲ့၂ပတ်တည်းက ပိုက်ဆံအမျိုးမျိုးကောက်ပါတယ်။ အဲ့တာကို ပေးကြပါတယ်။ ရန်ကုန်-မန္တလေး လမ်းမကြီးပေါ်က လမ်းဘေး ဆိုင်တွေ အကုန်နီးပါး လက်ဖက်ရည်ဆိုင်တွေကော” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ယင်းဈေးဆိုင်များကို ပိတ်သိမ်းရန် တောင်ငူမြို့နယ် စည်ပင်သာယာရုံးက မတ်လ ၁ရက်နေ့တွင် စာထုတ်ပြန်ထားသော်လည်း စည်ပင်ဝန်ထမ်းများက ဈေးဆိုင်များထံမှ အခကြေးငွေ ကောက်ခံကာ ဆိုင်များ ဆက်လက် ဖွင့်လှစ်ခွင့် ပေးထားပြီး ဆိုင်ပိတ်သိမ်းရန် ကိစ္စကို ပြောဆိုခဲ့ခြင်းမရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article