21.1 C
Yangon

ဖာပွန်တွင် အင်အား ၃၀ ရှိ စစ်ကောင်စီတပ်ဖွဲ့ ချေမှုန်းခံရပြီးနောက် စစ်တိုက်လေယာဉ်ဖြင့် ဗုံးကျဲ၊ အရပ်သားနေအိမ်များ ထိမှန်ပျက်စီး

Must read

ရန်ကုန်၊ မတ် ၁၃

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်တွင် အင်အား ၃၀ ရှိ စစ်ကောင်စီတပ်ဖွဲ့ ချေမှုန်းခံရပြီးနောက် စစ်တိုက်လေယာဉ်ဖြင့် ဗုံးကျဲ၊ အရပ် သား နေအိမ်များ ထိမှန်ပျက်စီးသွားကြောင်း KNUသတင်းရင်းမြစ်များထံမှ သိရှိရသည်။

KNLA နှင့် တိုက်ပွဲတွင် စစ်တပ်စစ်ကြောင်းတစ်ခု ချေမှုန်းခံရပြီးနောက် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ အုပ်ချုပ်နယ်မြေ မူတြော် (ဖာပွန်) ခရိုင်တွင်းရှိ နေရာ ၃ ခုကို ယနေ့ မတ်လ ၁၃ ရက် နံနက် ၇ နာရီဝန်းကျင်တွင် တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ကြောင်း သတင်းရရှိသည်။

“အရပ်သား နေအိမ်တွေ တိခိုက်မှုရှိတယ်၊ စစ်ရေးပစ်မှတ်တွေကို မထိဘူး၊ နေရာတွေကိုတော့ အခုလက်ရှိ ပြောလို့မရသေးဘူး” ဟု KNU တပ်မဟာ ၅ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို KNU တပ်မဟာ ၅ က ကနဦး သတင်းမထုတ်ပြန်သေးပေ။

မတ်လ ၁၁ ရက်နေ့တွင် KNU တပ်မဟာ ၅ အတွင်း၌ စစ်ကောင်စီ၏ စစ်ကြောင်း တစ်ခုကို KNLA ပူးပေါင်းတပ်က ချေမှုန်းပြီးနောက် ယနေ့ မတ်လ ၁၃ ရက် နံနက်တွင် စစ်ကောင်စီက လေကြောင်းမှ ပြန်လည် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မယ့်တရူလော်ရွာရှိ စစ်ကောင်စီ၏ ခလရ ၉၇ တပ်ဖွဲ့ကို KNLA ပူးပေါင်းတပ်က မတ်လ ၁၁ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံး၊ ၁၁ ဦး ပြင်းထန်ဒဏ်ရာရပြီး ၁၆ ဦးကို အရှင်ဖမ်းမိကာ လက်နက် ၂၉ လက်နှင့် ခဲယမ်းအမြောက်အများရရှိခဲ့ကြောင်း KNU တပ်မဟာ ၅ က သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ – အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ် ၁ စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article