ရန်ကုန်၊ မတ် ၁၃
ရန်ကုန်မြို့လယ် တနေရာတွင် ယနေ့မတ်လ ၁၃ ရက်၌ ‘စစ်ကို စစ်နှင့် ဆန့်ကျင်ကြ’ ဘန်နာချိတ်ဆွဲကာ ဗမာ့လူငယ်ကွန်ရက် (သပိတ်ကော်မတီ) က အကြမ်းဖက်စစ်ကောင်စီ ချေမှုန်းရေး ဆန္ဒပြကြသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး နည်းနာပေါင်းစုံများထဲမှ အမြစ်မှ ဆွဲလှန်ချေမှုန်းပစ်နိုင်သော လက်နက်ကိုင်တိုက်ပွဲများအတွက် ” စစ်ကို စစ်နှင့် ဆန့်ကျင်နိုင်ရန် ” ” တိုက်ပွဲသဏ္ဍာန် ချဉ်းကပ်မှုမျိုးသို့ လုံးလုံးလျားလျား အသွင်ပြောင်းနိုင်ရန် ” ပြည်သူလူထုအား နှိုးဆော်တိုက်တွန်းသည့်အနေဖြင့် ပြုလုပ်ခဲ့ကြောင်း ဗမာ့လူငယ်ကွန်ရက်က ဆိုသည်။