ရန်ကုန်၊ မတ် ၁၃
ရန်ကုန်၊ မင်္ဂလာတောင်ညွန့်တွင် ယနေ့မတ်လ ညပိုင်း၌ စစ်အာဏာရှင် ချေမှုန်းရေးချီတက်ဆန္ဒပြသူများကို အရပ်ဝတ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက တုတ်များဖြင့် ဝင်ရိုက်ပြီး သပိတ်စစ်ကြောင်းကို ဖြိုခွင်းခဲ့ကြောင်း၊ အနီးဝန်းကျင်ရှိပြည်သူအချို့ ဖမ်းဆီးခံရကြောင်း သိရှိရသည်။
“သပိတ်စစ်ကြောင်း ပြီးခါနီးမှာ အရပ်ဝတ်တွေက အနောက်ကနေ တုတ်တွေနဲ့ ဝင်ရိုက်တာ၊ နေရာက မြန်မာ့ဂုဏ်ရည်လမ်းမှာ၊ အချို့ဖမ်းခံရတယ် ကြားတယ်” ဟု သပိတ်စစ်ကြောင်းမှ လူငယ် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
Video – Nway Oo