28 C
Yangon

ရေတာရှည်တွင် PDF လုပ်ကြံမည်ကိုကြောက်၍ ရွာအပြင်ထွက် အိပ်သော စစ်ကောင်စီခန့် စည်ပိုင်းရွာ အုပ်ချုပ်ရေးမှူး မြွေကိုက်ခံရ၍ ဆေးရုံတင်ထားရ

Must read

ရန်ကုန်၊ မတ် ၁၃

ပဲခူးတိုင်း‌ဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်မိုးလွင်ဆိုသူသည် မတ်လ ၁၂ ရက်နေ့ ညအချိန်တွင် လုပ်ကြံခံရမည်ကို ကြောက် သဖြင့် ရွာအပြင်သို့ သွားအိပ်နေစဉ် မြွေအကိုက်ခံရသဖြင့် ဆေးရုံရောက်သွားကြောင်း သိရသည်။

စည်ပိုင်း‌‌ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး‌ ဇော်မိုးလွင် (ဘ) ဦးတင်စိန်သည် ၂၀၂၁ ခုနှစ် ၊အောက်တိုဘာလ ၁၉ ရက်နေ့တွင် အုပ်ချုပ်ရေးရာထူးမှ နုတ်ထွက်ကြောင်း လူသိရှင်ကြား ကြေညာခဲ့သော်လည်း နောက်ကွယ်တွင် တာ၀န်ပြန်လည်ထမ်းဆောင်နေသည်မှာ ယခုအချိန်ထိပင်ဖြစ်ကြောင်း သိရှိရသည်။

မကြာသေးမီက ပိတောက်ကုန်းကျေးရွာမှ နဂျပ်သို့ သွားမည့် စစ်ကောင်စီ တပ်သား ၂၀ ကျော် နဂျပ်သို့ သွားရန် ဆိုင်ကယ်ဆီဖိုး မရှိသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူးမှတဆင့် ပိတောက်ကုန်း ကျေးရွာအတွင်း ငွေကြေးတတ်နိုင်သူများဆီမှ လိုက်လံ ကောက်ခံစေခိုင်းခဲ့ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ်သည် ရေတာရှည်လေး ကျေးရွာ ရှိ အရက်ဆိုင်တစ်ဆိုင်တွင်လည်း ဘီယာသောက်ပြီး ပိုက်ဆံမပေးဘဲ ထပြန်သွားကြကြောင်း၊ အဆိုပါ စစ်သားများကို အုပ်ချုပ်ရေးမှူး ဇော်မိုးလွင်က ကူညီခဲ့သဖြင့် PDF များကို ကြောက် လန့်၍ ရွာထဲတွင် မအိပ်ဘဲ ရွာပြင်ထွက်အိပ်စဉ် မြွေကိုက်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article