30 C
Yangon

လွိုင်ကော်၊ ထီရိကျေးရွာအနီးတိုက်ပွဲတွင် PDF ၁ ဦးကျဆုံး၊ မတ်လ ၁၁ ရက်နေ့ ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲတွင် စစ်သား ၇ ဦးခန့် သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၄

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် လွိုင်ကော် PDF၊ KNDF ပူးပေါင်းတပ်ဖွဲ့ကြား မတ်လ ၁၁ ရက်နှင့် ၁၄ ရက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၇ ဦးခန့် သေဆုံးနိုင်ကြောင်း လွိုင်ကော် PDF ၁ ဦး ယနေ့ တိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ယနေ့ မတ်လ ၁၄ ရက် နံနက် ၈ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ကယန်းသာယာဘက်မှ ထီရိကျေးရွာဘက်သို့ လက်နက်ကြီးအဆက်မပြတ် ပစ်ခတ်ကာ စစ်ကြောင်းထိုးလာကြောင်း၊ လွိုင်ကော် PDF၊ KNDF ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး လွိုင်ကော် PDF ရဲဘော် မျိုးအောင် (ခ) ပေါလူ ကျဆုံးခဲ့ကြောင်း PDF လွိုင်ကော်ထံမှ သိရှိရသည်။

မတ်လ ၁၁ ရက်တွင် လင်ဖုံလေးလမ်းခွဲရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို လွိုင်ကော် PDFနှင့် KNDF က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲသည် နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ ကြာမြင့်ခဲ့ပြီး စစ်သား ၄ ဦးမှ ၇ ဦး သေဆုံးခဲ့ကြောင်း၊ အလောင်းများကို ကားဖြင့် သယ်သွားသည်ကို မြင်တွေ့ရကြောင်း လွိုင်ကော် PDF က သတင်းထုတ်ပြန်သည်။

ယနေ့ နံနက်အစောပိုင်း ၁ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်သည် စစ်ရှောင်ပြည်သူများရှိရာ လွိုင်ကော်မြို့၊ ဒေါစဲကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်အချို့ ပျက်စီးကာ ရွာသားအချို့ ထိခိုက်ဒဏ်ရာရကြောင်း KNDF တပ်ရင်း ၉ က သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article