24 C
Yangon

ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် စစ်တပ် ယာဉ်တန်း ပဒေသာမိုင်းဖြင့် တိုက်ခိုက် ခံရပြီး စစ်သားများ ထိခိုက် သေဆုံးမှုရှိ

Must read

ရန်ကုန်၊ မတ် ၁၄

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၃၆ မိုင်၊ ၀ ဖာလုံ အရောက်တွင် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (K.D.D.F)က ယနေ့ မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၁နာရီ ၄၅မိနစ်ခန့်တွင် ပဒေသာ မိုင်း၁၀လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှုရှိသော်လည်း အရေအတွက် မသိရသေးကြောင်း K.D.D.F တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းတွင် စစ်ကား ၄စီး ပါဝင်ပြီး ပဒေသမိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကားများ ထိမှန်ခဲ့သော်လည်း သေဆုံးသူ အရေအတွက်ကို မသိရှိရသေးကြောင်း သိရသည်။

” ပဒေသာမိုင်း ၁၀ လုံးဆွဲပါတယ်။ ထိခိုက်မှုများနိုင်သော်လည်း အတိအကျမသိရသေးပါဘူး။ စစ်ကား ၄စီး လူအပြည့်နဲ့ ပေါက်ကွဲပြီး မိုင်းဆွဲတဲ့ ရဲဘော်တွေကိုအချက်၃၀လောက် ပစ်ခတ်တာရှိပါတယ်။ ရဲဘော်တွေ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု K.D.D.F တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article